
အာဖဂန်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေး သင်တန်းကျောင်း ပစ်ခတ်ခံရ၊ ၃ ဦး သေဆုံး

Email This Story :
အာဖဂန်နစ္စတန်နိုင်ငံ ဂျလာလာဘတ်မြို့မှာ ဇူလိုင် ၂၈ ရက်နေ့က စစ်သွေးကြွတွေက မိခင်နဲ့ကလေးစောင့်ရှောက်ရေး သင်တန်းကျောင်းကို တိုက်ခိုက်ခဲ့တာကြောင့် လူ ၃ ဦး သေဆုံးပြီး အနည်းဆုံး ၈ ဦး ဒဏ်ရာရခဲ့ကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
သေဆုံးသူတွေထဲမှာ လုံခြုံရေးအစောင့် ၂ ဦးနဲ့ ကားမောင်းသမား ၁ ဦး ပါဝင်ပါတယ်။ စစ်သွေးကြွတွေက ဖောက်ခွဲရေးပစ္စည်းတွေကို ဖောက်ခွဲပြီးတဲ့နောက် လုံခြုံရေးတပ်ဖွဲ့တွေကို ပစ်ခတ်ခဲ့ပါတယ်။
၆ နာရီကြာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေက အခြေအနေကို ပြန်ထိန်းနိုင်ခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။