Email This Story :
၇ နှစ်ကြာမြင့်တဲ့ ဆီးရီးယားစစ်ပွဲအတွင်း စုစုပေါင်း ကလေးငယ် ၇ဝဝဝ လောက် သေဆုံးဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့က အတည်ပြုပြောကြားလိုက်ပါတယ်။
အတည်မပြုနိုင်တဲ့ သတင်းတွေကတော့ သေဆုံးထိခိုက်တဲ့ ကလေးအရေအတွက်ဟာ ၂ဝ,ဝဝဝ ကျော်တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ကလေးငယ်တွေ သေဆုံး ဒဏ်ရာရတဲ့ အမှု ၆ဝဝ ကျော်အပါအဝင် စုစုပေါင်းအဖြစ်အပျက် ၁,၂ဝဝ ကျော်ကို စစ်ဆေးပြီးတဲ့နောက်မှာ အခုလို အတည်ပြုပြောကြားလိုက်တာဖြစ်ပါတယ်။
ဆီးရီးယားမှာ ကလေးငယ်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ သိသိသာသာ တိုးလာနေတဲ့အတွက် အခုနှစ်ဟာ ထူးထူးခြားခြား စိုးရိမ်ပူပန်ရတဲ့နှစ် ဖြစ်တယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောဆိုကြောင်း CNN သတင်းမှာ ဖော်ပြထားပါတယ်။