Home
မြန်မာသတင်း
ပင်စင်ခံစားခွင့် အသက်တိုးမြှင့်မှုအပေါ် ရုရှားတွင် လူသောင်းချီ ဆန္ဒပြ
DVB
·
July 29, 2018
ရုရှားနိုင်ငံမှာ ပင်စင်လစာခံစားခွင့်ရသူတွေရဲ့ အသက်အရွယ် တိုးမြှင့်မယ့် အစိုးရရဲ့ အစီအစဉ်ကို ဇူလိုင် ၂၈ ရက်က  နိုင်ငံတဝှမ်း မြို့ကြီးတွေမှာ ရုရှားနိုင်ငံသား သောင်းချီပြီး ဆန္ဒပြခဲ့ကြပါတယ်။ မော်စကိုမြို့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲကို လူပေါင်း ၁ သောင်းကျော် တက်ရောက်ခဲ့ပါတယ်။ ရီကတ်ချီရန်ဘော့မြို့ (Yekaterinburg) မှာလည်း လူ ၁ သောင်းနီးပါး ဆန္ဒပြခဲ့ကြသလို ရာစတို့ ဗွန်နွန် (Rostov-on-Don) နဲ့ ဗိုဂိုဂရက်မြို့တွေမှာလည်း ဆန္ဒပြခဲ့ကြပါတယ်။ ရုရှားနိုင်ငံသား အမျိုးသားတွေရဲ့ ပင်စင်ယူနိုင်တဲ့ အသက်ကို ၆ဝ ကနေ ၆၅ အထိ၊ အမျိုးသမီးတွေ အသက်ကို ၅၅ ကနေ ၆၃ နှစ်အထိ မြှင့်တင်ဖို့ အစိုးရဘက်က အဆိုပြုတင်ပြလာတာကို ရုရှားအောက်လွှတ်တော်က အတည်ပြုထားပြီးဖြစ်ပါတယ်။ အခုလို ပင်စင်ယူနိုင်တဲ့ အသက်တိုးလိုက်တာနဲ့ ပတ်သက်ပြီး အထက်လွှတ်တော်က စက်တင်ဘာလမှာ အတည်မပြုခင် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024