အမေရိကန်တောမီးကြောင့် ၅ ဦးသေဆုံး၊ ၁၇ ဦး ပျောက်ဆုံးနေ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်း ရက်ဒီးမြို့အနီးမှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် လူ ၅ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေဟာ ကလေးနှစ်ဦး၊ သူတို့ရဲ့အဖွားဖြစ်သူနဲ့ မီးသတ်သမား ၂ ဦး ဖြစ်ပါတယ်။ လူ ၁၇ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး လူထောင် ပေါင်းများစွာ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ “ရှာစတာစီရင်စုမှာဆိုရင် တောမီးလောင်ကျွမ်းနေချိန် ပြင်းထန်တဲ့လေမုန်တိုင်း တိုက် ခတ်ခဲ့တာကြောင့် မီးမုန်တိုင်းအသွင်ပြောင်းသွားပြီး သစ်ပင်တွေ အမြစ်ကနေ ကျွတ်ထွက်ခဲ့တယ်။ ကားတွေ ပြောင်းပြန်လန်ထွက်သွားတယ်လို့” မီးသတ်သမားတွေက ပြောပါတယ်။ Carr fire လို့ အမည်ပေးထားတဲ့ အဲဒီတောမီးဟာ ဧက ၄၈,ဝဝဝ ကျော်ကို လောင်ကျွမ်းခဲ့ပြီး အဲဒီအကျယ်အဝန်းဟာ ဆန်ဖရန်စစ္စကိုမြို့ထက် ပိုကြီးပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က ကားတစီး မတော်တဆဖြစ်ရာကနေ တောမီး စတင်လောင်ကျွမ်း ခဲ့တာဖြစ်ပြီး အခုချိန်ထိ ၅ ရာခိုင်နှုန်း လောက်ကိုပဲ ထိန်းချုပ်နိုင်သေးကြောင်း  ဘီဘီစီ သတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up