မန်ယူကွင်းလယ်လူ မာတစ် ဒဏ်ရာကြောင့် ရာသီအစ ပွဲစဉ်များ လွဲချော်မည်

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်သမား မာတစ်ဟာ ရထားတဲ့ ဒဏ်ရာကို ကုသနေရတာကြောင့် လာမယ့် ပရီမီးယားလိဂ်ရာသီအစ ပွဲစဉ်တွေကို လွဲချော်တာ့မှာပါ။ ဆားဘီးယား လက်ရွေးစင် မာတစ်ဟာ မန်ယူအသင်းရဲ့ လီဗာပူးကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးတဲ့ ခြေစမ်းပွဲစဉ်မှာလည်း ပါဝင်ခဲ့တာ မရှိပါဘူး။ ကွင်းလယ်သမား မာတစ်ဟာ ဆားဘီယားနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားရင်း ဒဏ်ရာရခဲ့တာပါ။ နည်းပြ မော်ရင်ဟိုကတော့ မာတစ်ရဲ့ဒဏ်ရာ ပြဿနာကို ဖြေရှင်း အချိန်ပေးဖို့ လိုတယ်လို့ ပြောပါတယ်။ မန်ယူအသင်းဟာ ပရီးမီယားလိဂ်ရာသီသစ်အစ ပွဲစဉ်ကို သြဂုတ် ၁ဝ ရက်နေ့မှာ လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up