မွန်ပြည်နယ်၊ ဘီးလင်း လတ်တလောရေကြီးမှု ပုံရိပ်များ
DVB
·
July 29, 2018
မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ဇူလိုင် ၂၈ ရက်နေ့အထိ ရပ်ကွက်/ကျေးရွာ ၁၃ ခုမှာ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၃၂ ခု ဖွင့်လှစ်ထားရပြီး အိမ်ခြေ/ အိမ်ထောင်စု ၁၈၁၅ စု၊ လူဦးရေ ၇၆၅၂ ယောက်ရှိပါတယ်။
ဇူလိုင် ၂၆ ရက်နေ့ကတည်းက ရေကြီးပြီး အဝေးပြေးကားလမ်း ၄ မိုင်လောက် ယာဉ်ကြောပိတ်ဆို့နေပြီး ကားလမ်းတွေလည်း ပိတ်ထားရတာပါ။
ရေကြီးပြီး လမ်းတွေပိတ်ထားရလို့ ခရီးသွားဧည့်သည်တချို့ကို ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး လာရာလမ်းအတိုင်း ပြန်လည်ပို့ဆောင်ပေးနေပါတယ်။
ရေကြီးမှုကြောင့် မြွေကိုက်လို့ ဆေးရုံတင်ရသူ ၂ ဦး၊ ကူညီကယ်ဆယ်ချိန် ရေထဲမျောပါ ပျောက်ဆုံးသူ တပ်မတော်သား ၃ ဦးရှိပါတယ်။
ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၁ဝ၂၂ ကနေ ၁ဝ၉၈ စင်တီမီတာအထိ ကျော်လွန်နေပါတယ်။
ဓာတ်ပုံ-ထက်လူ