နောက်ဆုံးရ ဘောလုံးသမား အပြောင်းအရွှေ့သတင်းများ

ဝီလီယံ ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့တောင်ပံကစားသမား ဝီလီယံအတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါင် ၇၅ သန်းနဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပြီလို့ အင်္ဂလန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။ ယူနိုက်တက် နည်းပြမော်ရင်ဟိုဟာ ချဲလ်ဆီးအသင်းမှာ သူနဲ့အတူ လက်တွဲခဲ့ဖူးတဲ့ ဝီလီယံကို ခေါ်ယူဖို့ ကာလရှည်ကြိုးပမ်းနေသူဖြစ်လဲည်း ဖြစ်ပါတယ်။ ဝီလီယံသာ ယူနိုက်တက်အသင်းကို အမှန်တကယ်ပြောင်းရွေ့ဖြစ် ခဲ့မယ်ဆိုရင် ဒီဘရာဇီးသားဟာ ဒီအပြောင်းအရွေ့အတွင်းယူနိက်တက်ရဲ့ စတုတ္ထမြောက်ကစားသမားခေါ်ယူမှု ဖြစ်လာမှာပဲဖြစ်ပါတယ်။ အယ်ဖီးမော်ဆန် နောက်ခံလူ အယ်ဖီးမော်ဆန်အတွက် ဆွမ်ဆီးအသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ကြားမှာ ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့ Sky Sport သတင်းမှာဖော်ပြပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ဒီအပြောင်းအရွေ့မှာ နောက်ခံကစားသမားတွေကို ခေါ်ယူထားပြီးဖြစ်ပေမယ့် နည်းပြ ပယ်လီဂရီနီကတော့ မော်ဆန်ကို စိတ်ဝင်စားနေ ဆဲပဲဖြစ်ပါတယ်။ ဆွမ်ဆီးမှာ ခြေစွမ်းတောက်ပနေတဲ့ အသက် ၂၄ နှစ်အရွယ် မော်ဆန်ကို ဝက်စ်ဟမ်းအသင်းနဲ့အတူ ဘန်လေ၊ ဖူလ်ဟမ်တို့ကပါ စိတ်ဝင်စားနေပြီး ကစားသမားရဲ့ပြောင်းရွေ့ကြေးက ပေါင်သန်း ၂၀ လောက်ရှိနေပါတယ်။ ဟယ်ရီကိန်းကို ရွေးချယ်ခဲ့သည့် ရီးရဲလ်ပရိသတ် စပိန်အားကစား သတင်းစာတစ်ခုဖြစ်တဲ့ မာကာရဲ့အွန်လိုင်း စစ်တမ်းကောက်ယူမှုတခုမှာ ရီးရဲပရိသတ်တွေက ရော်နယ်ဒိုနေရာမှာ အစားထိုးဖို့ အသင့်တော်ဆုံးအဖြစ် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ရွေးချယ်ခဲ့ကြပါတယ်။ ကိန်းဟာ မဲပေးသူအရေအတွက် ၂ သိန်းနီးပါးထံမှ ထောက်ခံမဲ ၂၆ ရာခိုင်နှုန်းကို ရရှိခဲ့တာဖြစ်ပြီး သူ့ပြိုင်ဘက်တွေဖြစ်တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီနဲ့ အင်တာမီလန်တိုက်စစ်မှူး အီကာဒီတို့ကတော့ ၁၄ ရာခိုင်နှုန်းစီသာရရှိခဲ့တယ်လို့သိရပါတယ်။ ပရိသတ်တွေက ကိန်းကို သဘောကျနှစ်ခြိုက်မှုရှိပေမယ့် ရီးရဲလ်အသင်းဘက်ကတော့ ကိန်းထက် ချဲလ်ဆီးရဲ့ ဟာဇက်ကို ပိုမိုစိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ယိုနက်စ်ဘယ်ဟန်ဒါ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ တူရကီကလပ် ဂါလာတာဆာရေးအသင်းရဲ့ တိုက်စစ်အားသန်ကွင်းလယ်လူ ယိုနက်စ်ဘယ်ဟန်ဒါကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ တူရကီသတင်းတွေမှာ ဖော်ပြပါတယ်။ အသက် ၂၈ နှစ်အရွယ် မိုရိုကိုလက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းရဲ့ အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး ဂါလာတာဆာရေးအသင်းအတွက်လည်း ပြီးခဲ့တဲ့ရာသီမှာ ၃၅ ပွဲကစားပြီး ၃ ဂိုးသွင်းယူကာ၊ ၁၀ ကြိမ်ဖန်တီးမှုလုပ်ခဲ့ပါတယ်။ ပဲလေ့စ်ဘက်က ဘယ်ဟန်ဂါကို ပေါင် ၅ . ၃ သန်းနဲ့ စတင်ကမ်းလှမ်းနိုင်ဖွယ်ရှိပြီး တူရကီကလပ်ဘက်က ဒီထက်ပိုတောင်းဆိုဖွယ်ရှိတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ ပါဘလိုမော်ရီနိုကို စီးအီးအေ အင်အားကြီး ဂျူဗင်တပ်အသင်းဟာ ဥရောပအသင်းတော်တော်များက မျက်စိကျနေတဲ့ ဘာစီလိုနာလူငယ်တိုက်စစ်မှူး ပါဘလိုမော်ရီနိုကို ခေါ်ယူနိုင်ခဲ့ပြီလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဂျူအသင်းဟာ အလားအလာကောင်းသူအဖြစ် သတ်မှတ်ခံထားရတဲ့ မော်ရီနိုအတွက် ယူရို ၇၀၀၀၀၀ လောက် ပေးချေခဲ့ရတယ်လို့ ယူဆရပြီး မော်ရီနိုဟာ ဂျူဗီတပ်လူငယ်အသင်းမှာ ဝင်ရောက်ကစားမှာဖြစ်ပါတယ်။ မော်ရီနိုဟာ ဘာစီလိုနာအသင်းရဲ့ နာမည်ကျော် လာမာစီယာအကယ်အဒမီကို အသက် ငါးနှစ်အရွယ်မှာ ရောက်ရှိခဲ့သူဖြစ်ပြီး ဘာကာလူငယ်အ သင်းတွေအတွက် ဂိုးပေါင်း ၂၀၀ ကျော်ကိုသွင်းယူခဲ့သူလည်း ဖြစ်ပါတယ်။ မော်ရီနိုဟာ စပိန် ယူ-၁၆ အသင်းရဲ့ လက်ရွေးစင်ကစားသမားတဦးလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up