ရော်နယ်ဒို ဒဏ်ကြေး ယူရို ၃ ဒသမ ၂ သန်းနှင့် ထောင်ဒဏ် ၂ နှစ် ကျခံရမည်ဟုဆို

တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုအနေနဲ့ အခွန်ဆောင်ဖို့ ပျက်ကွက်တာကြောင့် ဒဏ်ကြေးအဖြစ် ယူရို ၃ဒသမ၂ သန်းနဲ့ ထောင်ဒဏ် ၂ နှစ် ကျခံရမယ်လို့ စပိန်အခွန်အရာရှိတွေက ပြောပါတယ်။ အသက် ၃၃ နှစ်အရွယ် ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်မှာ ကစားတုန်း အခွန်ရှောင်တယ်ဆိုပြီး စွပ်စွဲခံထားရပါတယ်။ ယူရို ၅ဒသမ၇ သန်းလောက် အခွန်ဆောင်ရဖို့ ရှိတယ်လို့ စွပ်စွဲခံထားရပေမယ့် ရော်နယ်ဒို ကိုယ်တိုင်ကတော့ ငြင်းဆန်ထားပါတယ်။ စပိန် ဥပဒေတွေအရ ထောင်ဒဏ် ၂ နှစ်နဲ့အောက် ပြစ်ဒဏ်တွေကို ဆိုင်းငံ့ ပြစ်ဒဏ်အဖြစ်သာ ချမှတ်လေ့ရှိတာကြောင့် ရော်နယ်ဒိုအနေနဲ့ ထောင်ဒဏ်ကျခံရမှာ မဟုတ်ပါဘူး။ ဒဏ်ကြေးအဖြစ် ယူရို ၃ဒသမ၂ သန်နဲ့ ပေးရမယ့် အခွန်ငွေ ၅ဒသမ၇ သန်းကို တပေါင်းတည်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up