ပထမနှစ်ဝက်အတွင်း တရုတ်ပြည်မကြီးသို့ လူအဝင်အထွက် သန်း ၃ဝဝ ကျော်ရှိ

၂ဝ၁၈ ပထမနှစ်ဝက်မှာတင် တရုတ်ပြည်မကြီး နယ်စပ်ဒေသတွေကတဆင့် လူအဝင်အထွက် အရေအတွက်ဟာ သန်း ၃၁ဝ ရှိတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ ဒါဟာ တနှစ်ပြီးတနှစ် ဝင်ထွက်သူဦးရေ ၇ ဒသမ ၇ ရာခိုင်နှုန်း တိုးလာတာလို့ လူထုလုံခြုံရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်ဝင်ပြည်ထွက် အုပ်ချုပ်ရေးဌာနက ဆိုပါတယ်။ စာရင်းဇယားတွေအရ နှစ်စဉ် အဝင်အထွက်မှတ်တမ်း ၇၈ ဒသမ ၅၆ သန်းကျော် ထုတ်ပေးနေရပြီး အဲဒီအထဲက ၇၆ ဒသမ ၄၁ သန်းဟာ တရုတ်နိုင်ငံသားတွေအတွက် ဖြစ်ပါတယ်။ ကျန် ၁ ဒသမ ဝ၄ သန်းကတော့ ဟောင်ကောင်နဲ့ မက်ကာအို ဒေသခံတွေရဲ့ တရုတ်ပြည်မကြီးထံ ဝင်ခွင့်ထွက်ခွင့် ခရီးသွားမှတ်တမ်းတွေဖြစ်ကြောင်း စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up