ရုရှားကွင်းလယ်လူ ဂိုလိုဗင်ကို မိုနာကိုအသင်းက ၅ နှစ်စာချုပ်ဖြင့် ခေါ်ယူ

ပြင်သစ်ကလပ် မိုနာကိုအသင်းက စီအက်စ်ကေအေ မော်စကိုအသင်း ရုရှားကွင်းလယ်သမား ဂိုလိုဗင်ကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကို တရားဝင် ဖော်ပြတာ မရှိပေမယ့် ဒေါ်လာ ၂၂ သန်းဝန်ကျင်လောက် ရှိမယ်လို့ ပြင်သစ် မီဒီယာတွေက ခန့်မှန်းထားပါတယ်။ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်သမား ဂိုလိုဗင်ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ရုရှားအသင်းအတွက် ခြေစွမ်းပြ ကစားပေးနိုင်လို့ ထင်ရှားလာသူ ဖြစ်ပါတယ်။ သူ့ကို ချဲလ်ဆီးအသင်းကလည်း ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ရုရှားကွင်းလယ်သမားကတော့ စွန့်စားခန်းအသစ်တခုလိုပါပဲလို့ ပြောပါတယ်။ မိုနာကိုအသင်း ဥက္ကဋ္ဌကတော့ သူက ပါရမီရှိတဲ့ လူငယ်ကစားသမားတယောက် ဖြစ်ပြီး ဒီလိုလူမျိုးကို ရှာနေတာ ကြာနေပြီလို့ ပြောပါတယ်။ ဂိုလိုဗင်ဟာ စီအက်စ်ကေအေ မော်စကိုမှာ ၃ ရာသီအတွင်း ပွဲပေါင်း ၁၁၃ ပွဲ ကစားပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up