မန်ယူအသင်းနှင့်အတူ ဖရက်ဒ် ကြံ့ခိုင်ရေး လေ့ကျင့်ခန်း ပြုလုပ်နေပြီ

ဓာတ်ပုံ - GETTY
မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူထားတဲ့ ဘရာဇီးလက်ရွေးစင် ဖရက်ဒ်ဟာ အသင်းနဲ့အတူ ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်းနဲ့ ရောက်ရှိခဲ့တဲ့ ဖရက်ဒ်ဟာ အမေရိက ခရီးစဉ်မှာ အသင်းနဲ့အတူ ပူးပေါင်းခဲ့တာပဲ ဖြစ်ပါတယ်။ သူဟာ မန်ယူမှာ ကျောနံပါတ် ၁၇ ဝတ်ဆင်ကစားမယ်လို့ သိရပြီး အသင်းနဲ့ပူးပေါင်းတဲ့ အချိန်မှာလည်း အသင်းဖော်တွေက ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အမေရိက ခြေစမ်းခရီးစဉ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က အေစီမီလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ် ၈ ဂိုး ၉ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး လာမယ့်ရက်မှာတော့ လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။ သြဂုတ် ၉ ရက်နေ့ အပြောင်းအရွှေ့ဈေးကွက် မတိုင်မီ ကစားသမား ၂ ဦး ခေါ်ယူဖို့ ရှိနေတယ်လို့ သိရပြီး ခရိုအေးရှား ကစားသမားတွေဖြစ်တဲ့ ပါရီဆစ်နဲ့ ရီဘစ်တို့ကို ခေါ်ယူသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up