Home
မြန်မာသတင်း
မိုင်းကိုင်မြို့နယ်တွင် ဒီတိုနေတာ စနက်တံကြိုး ၃ သောင်း သိမ်းဆည်းရမိ
DVB
·
July 27, 2018
ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်မှာ ဒီတိုနေတာ စနက်တံကြိုး ၃၀၀၀၀ ခု သိမ်းဆည်းရမိတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ဇူလိုင် ၂၆ ရက်၊ မနက်ပိုင်းက မိုင်းကိုင်မြို့နယ် ခန့်မှန်းမြေပုံအညွှန်း LD-459742 မှာ တပ်မတော်သားတွေက လဲချားမှ မိုင်းကိုင်ကို စိုးမိုးအောင်(ခ) ဖိုးသား(၂၃)နှစ် မောင်းနှင်လာတဲ့ 3G/xxxx Probox ယာဉ်အား စစ်ဆေးရာမှ သိမ်းဆည်းရမိတာပါ။ ယာဉ်ပေါ်ကနေ ဒီတိုနေတာ စနက်တံကြိုး (အရှည် ၂.၅ လက်မ၊ လုံးပတ် ၀.၂၅ လက်မ၊ ၆ ပေခန့် ဝါယာကြိုးပါ) ၃၀၀၀၀ ခု အား ရှာဖွေတွေ့ရှိ ဖမ်းဆီးခဲ့ပြီး မိုင်းကိုင်မြို့မရဲစခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်။ စိုးမိုးအောင်အား မိုင်းကိုင်မြို့မရဲစခန်းက (ပ)၄၃/၂၀၁၈၊ ရှမ်းလက်နက် ၁၂(ဂ) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024