မြန်မာ့လက်ရွေးစင် ယူ-၁၆ ဘောလုံးအသင်း အင်ဒိုနီးရှားသို့ ထွက်ခွာ

ဓာတ်ပုံ - MFF
၂၀၁၈ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ယူ-၁၆ ဘောလုံးအသင်းဟာ ပြိုင်ပွဲကျင်းပမယ့် အင်ဒိုနီးရှားနိုင်ငံကို ဒီနေ့မနက် ထွက်ခွာသွားပါတယ်။ ပြိုင်ပွဲကို ဇူလိုင် ၂၉ ရက်ကနေ သြဂုတ် ၁၁ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး အာဆီယံဒေသတွင်းက ၁၁ နိုင်ငံစလုံး ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ မြန်မာအသင်းဟာ အုပ်စု အေ မှာ အိမ်ရှင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တီမော၊ ဖိလစ်ပိုင်တို့နဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။ တဖက် အုပ်စု ဘီ မှာတော့ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်းတို့ ကျရောက်နေပါတယ်။ မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် ဇူလိုင် ၂၉ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆း၃၀ မှာ တီမောအသင်းနဲ့ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဇူလိုင် ၃၁ ရက် ညနေ ၆း၃၀ မှာ အိမ်ရှင် အင်ဒိုနီးရှား၊ သြဂုတ် ၂ ရက် ညနေ ၃ နာရီမှာ ဖိလစ်ပိုင်၊ သြဂုတ် ၄ ရက် ညနေ ၃ နာရီမှာ ကမ္ဘောဒီးယား၊ သြဂုတ် ၆ ရက် ညနေ ၃ နာရီမှာ ဗီယက်နမ်အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းဟာ အခုပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ထိုင်းလက်ရွေးစင် ယူ-၁၆ အသင်းနဲ့ ဇူလိုင် ၂၃ ရက်က ခြေစမ်းပွဲ ယှဉ်ပြိုင်ခဲ့ရာ တဖက် တဂိုးစီ သရေကျခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံကို ထွက်ခွာသွားတဲ့ မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းမှာ ကစားသမား ၂၃ ဦး၊ အုပ်ချုပ်/နည်းပြအဖွဲ့ဝင် ၈ ဦး ပါဝင်သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up