ပါကစ္စတန် ရွေးကောက်ပွဲတွင် အီမာခန်း၏ပါတီ ဦးဆောင်နေ

ပါကစ္စတန်နိုင်ငံမှာ မနေ့ကကျင်းပခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲရဲ့ မဲတွေကို ရေတွက်နေပြီဖြစ်ပြီး အစောပိုင်း မဲရလဒ်တွေအရ ခရစ်ကက်ကစားသမားဟောင်း အီမာခန်းရဲ့ ပီတီအိုင်ပါတီက ဦးဆောင်နေတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ ခန်းရဲ့ ပီတီအိုင်ပါတီဟာ အမျိုးသားညီလာခံ မဲဆန္ဒနယ် ၂၇၂ နေရာထဲက ၁၁၃ နေရာအတွက် ရရှိထားပြီး ဝန်ကြီးချုပ်ဟောင်း နာဝပ်ရှရစ်ဖ်ရဲ့ ပီအယ်လ်အမ်-အန်ပါတီက နေရာ ၆ဝ ရထားတယ်လို့ ပါကစ္စတန်သတင်းစာ ဒေါန်က ဖော်ပြပါတယ်။ လုပ်ကြံခံခဲ့ရတဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတိုရဲ့ သားဖြစ်သူ ဦးဆောင်တဲ့ ပီပီပီပါတီက တတိယနေရာမှာ ရပ်တည်နေပါတယ်။ ရေတွက်ပြီးတဲ့မဲဟာ မဲစုစုပေါင်းရဲ့ သုံးပုံတပုံပဲ ရှိသေးတာကြောင့် ခန်းရဲ့ ပီတီအိုင်ပါတီဟာ လွှတ်တော်အမတ်နေရာ အများစုကို မရဘူးဆိုရင် ညွန့်ပေါင်းဖွဲ့ရမှာပါ။ မဲရလဒ်တွေထွက်လာဖို့ နှေးကွေးနေတာဟာ မဲမသမာမှုတွေကြောင့် မဟုတ်ဘဲ  အီလက်ထရောနစ် မဲရေစက် နည်းပညာချို့ယွင်းလို့ လက်နဲ့ရေတွက်နေရတာကြောင့်လို့ ပါကစ္စတန်ရွေးကောက်ပွဲ အရာရှိတွေက ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up