အိုဇေးလ်ကို နွေးထွေးမှုရှိရှိ ကူညီသွားမည်ဟု အာဆင်နယ်နည်းပြ ပြော

ကွင်းလယ်ကစားသမား အိုဇေးလ်အတွက် အာဆင်နယ်အသင်းက သူ့ရဲ့ အိမ်တလုံးလို နွေးထွေးမှုရှိရှိနဲ့ ကူညီသွားမယ်လို့ နည်းပြ အူနိုင်းအမ်မရီက ပြောကြားလိုက်ပါတယ်။ အိုဇေးလ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဂျာမနီလက်ရွေးစင်အသင်းကနေ အနားယူသွားခဲ့ပြီးနောက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ကမ္ဘာ့ဖလားမတိုင်ခင်က တူရကီသမ္မတ အာဒိုဂန်နဲ့ တွေ့ဆုံခဲ့တာကို ဂျာမန်ဘောလုံးအဖွဲ့ချုပ်နဲ့ ပရိသတ်တွေဘက်က အမြင်မကြည်လင်ဖြစ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်ဥက္ကဋ္ဌ ကိုယ်တိုင်က အတိအလင်း ဝေဖန်ပြောကြားခဲ့ပါတယ်။ ဒီလိုဝေဖန်မှုတွေနဲ့ပတ်သက်ပြီး အာဆင်နယ်နည်းပြ အမ်မရီက ကာကွယ်သွားခဲ့ပြီး ကစားသမားရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို လေးစားမှုရှိရမယ်လို့လည်း ပြောပါတယ်။ အိုဇေးလ်ဟာ အတွေ့အကြုံရှိတဲ့ ထိပ်တန်းကစားသမားဖြစ်ပြီး လေးစားမှုနဲ့ ထိုက်တန်တဲ့ ကစားသမား ဖြစ်တယ်လို့လည်း နည်းပြ အူနိုင်းအမ်မရီက ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up