အမေရိကန်နှင့် ဥရောပ နှစ်ဖက်အခွန် ကင်းလွတ်ခွင့် ကြိုးပမ်းရန် သဘောတူ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဥရောပကော်မရှင် ဥက္ကဋ္ဌ ယန်းကလော်ဒီဂျန်ကာတို့ဟာ နှစ်ဖက်အကြား သွင်းကုန်ခွန် လုံးဝမကောက်ဘဲ အခွန်ကင်းလွတ်ခွင့်ကိစ္စ ကြိုးပမ်းသွားကြဖို့ ဇူလိုင် ၂၅ ရက်နေ့က သဘောတူခဲ့ကြပါတယ်။ နှစ်ဖက် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လောက်တဲ့အထိ အခြေအနေ တင်းမာနေတဲ့ အီးယူ ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့ဟာ အခုအခါမှာ ကုန်သွယ်ရေးဆိုင်ရာ အခွန်ကင်းလွတ်ခွင့် ပေးရေးကိစ္စ ကြိုးပမ်းနေကြတာပါ။ “လွတ်လပ်မျှတတဲ့ ကုန်သွယ်ရေးဖြစ်ဖို့ ကြီးကျယ်ခမ်းနားတဲ့နေ့ပါပဲ” လို့ ဥရောပကော်မရှင် ဥက္ကဋ္ဌ ယန်စလော်ဒီဂျန်ကာနဲ့ အတူရှိနေစဉ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့ပါတယ်။ အီးယူ ဥရောပသမဂ္ဂက အမေရိကန်ကို တင်သွင်းလာတဲ့ သံမဏိနဲ့ အလူမီနီယံ ကုန်စည်တွေကို အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆုံးဖြတ်ထားတာကြောင့် အမေရိကန်နဲ့ အီးယူအကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှု မြင့်တက်နေတာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up