အိုင်စီစီဖလားပြိုင်ပွဲတွင် ဂျူဗင်တပ်က ဘိုင်ယန်ကို ၂ ဂိုးပြတ်ဖြင့် နိုင် (ရုပ်သံဟိုက်လိုက်)

အမေရိကန်မှာ ဒီနေ့မနက်က ယှဉ်ပြိုင်သွားတဲ့ ဂျူဗင်တပ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ နိုင်ငံတကာ ချန်ပီယံဖလား (အိုင်စီစီ) ပြိုင်ပွဲမှာ ဂျူဗင်တပ်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဂျူဗင်တပ်အသင်းမှာ ဒီရာသီ အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ရော်နယ်ဒို ပါဝင်လာခြင်း မရှိသေးဘဲ ရူဂါနီ၊ ချီရယ်လီနီ၊ ပီဂျာနစ်၊ မာချီစီယို၊ အမ်မရီကန်၊ ဘာနာဒက်ရှိ စတဲ့ ကစားသမားတွေနဲ့ အရန် လူငယ်ကစားသမားတွေ ပူးတွဲပြီး ပွဲထွက်ခဲ့ပါတယ်။ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းကလည်း ရစ်ဘာရီ၊ မာတီနက်ဇ် တို့ကို အရန်ကစားသမား အများစုနဲ့ ပွဲထွက် ယှဉ်ပြိုင်ခဲ့တာပါ။ ပွဲစကတည်းက နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင် ကစားခဲ့တဲ့အတွက် ပွဲက ကြည့်ကောင်းခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ထိုးဖောက်တိုက်စစ်ဆင် ကန်သွင်းခွင့်ရော ဘောလုံးပိုင်ဆိုင်မှုပါ အသာစီးယူနိုင်ပေမယ့်လည်း ဂျူဗင်တပ်ဂိုးသမားနဲ့ နောက်တန်းကို မကျော်နိုင်တဲ့အတွက် လိုအပ်တဲ့ ချေပဂိုးမရဘဲ အရှုံးပေးလိုက်ရတာပါ။ ဂျူဗင်တပ်အတွက် နှစ်ဂိုးစလုံးကိုတော့ အသက် ၂၁ နှစ်အရွယ် အီတလီလူငယ်တိုက်စစ်မှူး ဖာဗီလီက သွင်းယူပေးခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေရဖို့ ဒုတိယပိုင်းမှာ တသင်းလုံး လူစားလဲ ကစားခဲ့ပေမယ့်လည်း အရာမထင်ခဲ့ဘဲ ပွဲအပြီး ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။ ဒီပွဲအနိုင်ရတဲ့ ဂျူဗင်တပ်အသင်းဟာ အိုင်စီစီဖလား ဒုတိယပွဲစဉ်အဖြစ် လာမယ့် ဇူလိုင် ၂၈ ရက်နေ့ ဘင်ဖီကာနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်ကတော့ ဇူလိုင် ၂၉ ရက်နေ့မှာ မန်စီးတီးနဲ့ ကစားရမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up