ပါကစ္စတန်တွင် ရွေးကောက်ပွဲ ကျင်းပနေစဉ် ဗုံးပေါက်ကွဲမှုဖြစ်၊ အနည်းဆုံး ၃၁ ဦး သေဆုံး

ဓာတ်ပုံ - EPA
ပါကစ္စတန်နိုင်ငံ ကက်တာမြို့မှာ ရွေးကောက်ပွဲ ကျင်းပနေစဉ် ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှု ဖြစ်တာကြောင့် အနည်းဆုံး လူ ၃၁ ဦး သေဆုံးခဲ့ပါတယ်။ ဒီဖောက်ခွဲမှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ် အကြမ်းဖက်အဖွဲ့က တရားဝင် ထုတ်ပြောခဲ့ပါတယ်။ လူသန်းပေါင်းများစွာ မဲပေးနေတဲ့ တခြားမြို့ကြီးတွေမှာလည်း အသေးစား ပေါက်ကွဲမှုတွေနဲ့ ပြိုင်ဘက်ပါတီဝင်တွေအကြား အကြမ်းဖက်မှုတွေကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး အတော်များများ ဒဏ်ရာရခဲ့ကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ လူဦးရေ ၁၀၆ သန်းရှိတဲ့ ပါကစ္စတန်နိုင်ငံမှာ ဇူလိုင် ၂၅ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး မဲပေးသူတွေအနေနဲ့ PTI ပါတီက နာမည်ကြီး ခရစ်ကက် ကစားသမားဟောင်း အီမာခန်းနဲ့ နာမည်ပျက်နေတဲ့ Parkistan Muslim League- PML-N က ဝန်ကြီးချုပ်ဟောင်း နာဝပ်ရှရစ်ဖ်တို့အကြား ဘယ်သူ့ကိုရွေးမလဲဆိုတာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ပါကစ္စတန် လူ့အခွင့်အရေး ကော်မရှင်ကတော့ နိုင်ငံရေးသမားတွေဟာ ရွေးကောက်ပွဲမှာ ကိုယ်လိုချင်တဲ့ရလဒ် ထွက်လာအောင် ကိုင်တွယ်ထိန်းချုပ်ဖို့  ကြိုးပမ်းတာတွေ ရှိနေတယ်လို့ ထောက်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up