အဲဗာတန်အသင်းနှင့်အတူ အိပ်မက်များကို အကောင်အထည် ဖော်ချင်ဟု ရစ်ချာလီဆန် ပြော

အဲဗာတန်အသင်းနဲ့အတူ အိပ်မက်တွေကို အကောင်အထည် ဖော်ချင်တယ်လို့ ကစားသမားသစ် ရစ်ချာလီဆန်က ပြောကြားလိုက်ပါတယ်။ အဲဗာတန်အသင်းဟာ အသက် ၂၀ သာ ရှိသေးတဲ့ ဘရာဇီးလူငယ်ကစားသမား ရစ်ချာလီဆန်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၄ သန်းအထိ ပေးချေခဲ့ရပါတယ်။ အဲဗာတန်အသင်းဟာ အင်္ဂလန်ရဲ့ ထိပ်တန်းအသင်းတွေထဲက တသင်းဖြစ်ပြီး ဂိုးတွေနဲ့ ဖန်တီးမှုတွေပြုလုပ်ကာ အသင်းကို ကူညီသွားမှာဖြစ်သလို ဘရာဇီးလက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရအောင်လည်း ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ အဲဗာတန်နည်းပြသစ် ဖြစ်လာတဲ့ မာကိုဆေးလ်ဗားဟာ ဝတ်ဖို့ဒ်အသင်းမှာကတည်းက ဖခင်တဦးလို မြေတောင်မြှောက်ပေးခဲ့သူဖြစ်ပြီး ပြန်လည်လက်တွဲခွင့်ရလို့လည်း ကျေနပ်မိတယ်လို့ ရစ်ချာလီဆန်က ဆိုပါတယ်။ ရစ်ချာလီဆန်ဟာ အဲဗာတန်နည်းပြသစ် မာကိုဆေးလ်ဗားအတွက် ပထမဆုံး ကစားသမားခေါ်ယူမှု ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up