ပါကစ္စတန် ရွေးကောက်ပွဲတွင် နာမည်ကြီး ခရစ်ကက်ကစားသမားဟောင်း အီမာခန်း ယှဉ်ပြိုင်

ပါကစ္စတန် ရွေးကောက်ပွဲကို ဇူလိုင်လ ၂၅ ရက် ဒီကနေ့ ကျင်းပမှာဖြစ်ပြီး နာမည်ကြီး ခရစ်ကက် ကစားသမားဟောင်း အီမာခန်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အီမာခန်းက ပီတီအိုင်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး ပြိုင်ဘက် ပါကစ္စတန် မွတ်ဆလင်လိဂ်ပါတီ ပီအမ်အယ်လ်-အန်က ဝန်ကြီးချုပ်ဟောင်း နာဝပ်ရှရစ်ဖ်ကို အနိုင်ရဖို့ ကြိုးပမ်းရမှာလည်း ဖြစ်ပါတယ်။ မဲပေးဖို့ မှတ်ပုံတင်ထားသူ ဦးရေ ၁၀၆ သန်းရှိပြီး ရွေးကောက်ပွဲကို ကိုယ်လိုချင်တဲ့ ရလဒ်ထွက်အောင် ကိုင်တွယ်ထိန်းချုပ်ဖို့ ပေါ်ပေါ်ထင်ထင် ကြိုးပမ်းတာမျိုးတွေ ရှိနေတယ်လို့ လူ့အခွင့်အရေး ကော်မရှင်က ပြောကြားထားပါတယ်။ ပါကစ္စတန် အောက်လွှတ်တော် အမတ်နေရာ ၂၇၂ နေရာအတွက် ရွေးကောက်ပွဲကို ဇူလိုင် ၂၅ ရက် ဒေသစံတော်ချိန် မနက် ၈ နာရီမှာ မဲစတင်ပေးကြတာ ဖြစ်ပါတယ်။ ကျန် အမတ်နေရာ ၇၀ အတွက် အမျိုးသမီးနဲ့ လူနည်းစု တိုင်းရင်းသားတွေကို ပေးရမှာဖြစ်ပြီး ရွေးကောက်ပွဲမှာ ၅ ရာခိုင်နှုန်း မဲရရှိတဲ့ နိုင်ငံရေးပါတီတွေက ခွဲဝေရရှိကြမှာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up