Home
မြန်မာသတင်း
ရန်ကုန်လမ်းများ အဆင့်မြှင့်တင်ရန် ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း ဆွေးနွေး
DVB
·
July 23, 2018
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းတွေကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အတွက် ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအ၀င်  ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်တွေ ဒီကနေ့မနက်က ခေါ်ယူ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၂၀ရက်က ကော့မှူးမြို့ကို မော်တော်ယာဉ်နဲ့ သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာ ကော့မှူးလမ်းတွေဟာ  ရန်ကုန်မြို့က လမ်းတွေထက်ပိုကောင်းတဲ့ အကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ပြောကြားခဲ့ပါတယ်။ ဒီလိုပြောကြားပြီးနောက် ရန်ကုန်မြို့ထဲမှာ ပျက်စီးနေတဲ့လမ်းတချို့ကို လိုက်လံ ဖာထေးနေတာတွေ့ရသလို လမ်းတွေကို အဆင့်မြှင့်တင်ဆောင်ရွက်ဖို့  ဒီကနေ့ ရန်ကုန်တိုင်းအစိုးရရုံးမှာ အစည်းအဝေးကျင်းပခဲ့တာပါ။
ဓာတ်ပုံ- Phyo Min Thein
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024