Home
မြန်မာသတင်း
မြန်မာ့ တာဝန်သိ ခရီးသွားလုပ်ငန်းဆုများ ထပ်မံပေးအပ်မည်
ပိုင်စိုး
·
July 23, 2018
ခရီးသွားလုပ်ငန်းတွေအနေနဲ့ ပိုမိုတာဝန်ယူမှု ရှိလာစေဖို့နဲ့ ဒေသခံတွေပါ အကျိုးခံစားခွင့်ရှိမယ့် လုပ်ငန်းတွေ ဖြစ်လာစေဖို့အတွက် မြန်မာ့ တာဝန်သိ ခရီးသွားလုပ်ငန်းဆုတွေ ထပ်မံပေးအပ်သွားဖို့ရှိပါတယ်။ မြန်မာ့ တာဝန်သိခရီးသွားလုပ်ငန်းဆုတွေကို လူမှုရေး၊ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးတွေ ဖန်တီးပေးနိုင်တဲ့ မြန်မာ့ခရီးသွားလုပ်ငန်းရဲ့ အလားအလာကောင်းတာကို ပိုပြီး သိရှိစေဖို့ ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာစေဖို့ ထောက်ပံ့နေတဲ့ Myanmar Responsible Tourism(MRTI) က ကြေညာပါတယ်။ MRTI ရဲ့ ဥက္ကဋ္ဌ ကိုညွန့်က “ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ခရီးသွားလုပ်ငန်းကို အားပြုပြီး ပိုမို နေထိုင်ကောင်းမယ့် အခြေအနေတွေကို ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ ဒါကလည်း ခရီးသွားလုပ်ငန်းကို အကျိုးရှိစေမှာပါ” လို့ ပြောပါတယ်။ ပြီးတော့ ဝင်ငွေနိမ့်ပါးတဲ့ ဒေသခံတွေပါ အကျိုးခံစားခွင့်ရရှိစေတဲ့ ခရီးသွားလုပ်ငန်းပုံစံကို စံပြအဖြစ် သတ်မှတ်ပြီး ယှဉ်ပြိုင်လုပ်ကိုင်နိုင်စေဖို့ အားပေးတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနှစ်မှာ ပေးအပ်မယ့် ဆုတွေထဲမှာ ခရီးသွားဧည့်သည်တွေ တည်းခိုနားနေဖို့ အကောင်းဆုံး လုပ်ကိုင်နေတဲ့ တာဝန်သိခရီးသွားလုပ်ငန်းဆု၊ အကောင်းဆုံး တာဝန်သိ ခရီးသွားလုပ်ငန်းရှင်ဆု၊ ဒေသခံတွေ ပါဝင်တဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ အကောင်းဆုံး ဖော်ဆောင်နိုင်တဲ့ဆု၊ အကောင်းဆုံး တီထွင်ဆန်းသစ်နိုင်တဲ့ တာဝန်သိခရီးသွားလုပ်ငန်းဆု၊ တာဝန်သိ ခရီးသွား လုပ်ငန်းဆိုင်ရာအကြောင်း အသိပညာဖြန့်ဝေပေးနိုင်တဲ့ အကောင်းဆုံး စီမံကိန်းအမျိုးအစား ဆုနဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စတဲ့ အခွင့်အလမ်း နည်းပါးသူတွေ ပါဝင် အကျိုးခံစားနိုင်ခွင့် ရစေတဲ့ တာဝန်သိ ခရီးသွားလုပ်ငန်း အမျိုးအစား ဆိုင်ရာ အကောင်းဆုံးလုပ်ဆောင်မှုဆုတွေ  ပါဝင်ပါတယ်။ မနှစ်ကတော့ ဒေသခံတွေ ပါဝင်တဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ အကောင်းဆုံးဆုကို မန္တလေးတိုင်း ဧရာဝတီမြစ်ဘေးက ဆီသည်နဲ့ မြစ်ကမ်းကြီးရွာ၊ အကောင်းဆုံး တာဝန်သိ တည်းခိုရာနေရာအဖြစ် ငပလီကမ်းခြေက Laguna Lodge ECO Hotel၊ အကောင်းဆုံး တာဝန်သိ ခရီးသွားလုပ်ငန်းဆုကို EXO ခရီးသွားလုပ်ငန်း၊ အကောင်းဆုံးတာဝန်သိ ခရီးသွားနေရာဆုကို ကလော ခရီးသွားလုပ်ငန်း အဖွဲ့အစည်းက ရရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024