Thursday, June 8, 2023
HomeLead Storyနှစ်ပေါင်း ၉၉ သန်းရှိ မြွေပေါက်လေးရုပ်ကြွင်းပါသည့် ပယင်းကျောက် တွေ့ရှိ

နှစ်ပေါင်း ၉၉ သန်းရှိ မြွေပေါက်လေးရုပ်ကြွင်းပါသည့် ပယင်းကျောက် တွေ့ရှိ

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၉၉ သန်း ဒိုင်နိုဆောတွေခေတ်က မြွေပေါက်စလေးတကောင်ရဲ့ ရုပ်ကြွင်းပါတဲ့ ပယင်းကျောက်ကို သိပ္ပံပညာရှင်တွေက ပထမဆုံးအကြိမ် တွေ့ရှိထားပါတယ်။

ကနေဒါ၊ အမေရိကန်၊ သြစတြေးလျနဲ့ တရုတ်နိုင်ငံတွေက သိပ္ပံပညာရှင်အဖွဲ့တဖွဲ့ဟာ မြန်မာနိုင်ငံ၊ ဟူးကောင်းတောင်ကြားထွက် ပယင်းကျောက်ထဲမှာ မျိုးစိတ်မဖော်နိုင်သေးတဲ့ မြွေပေါက်စလေးတကောင်ရဲ့ ရုပ်ကြွင်းကို တွေ့ခဲ့တာပါ။

ဒါဟာ ပယင်းကျောက်ထဲ မြွေပေါက်ရုပ်ကြွင်းကို ကမ္ဘာပေါ်မှာ ပထမဆုံးတွေ့ရှိမှုဖြစ်ပြီး ကျောရိုးဖွဲ့စည်းပုံနဲ့ အရေပြား ဖွဲ့စပ်ထားပုံတွေကိုပါ တွေ့မြင်နိုင်တယ်လို့ တရုတ် ဘူမိသိပ္ပံတက္ကသိုလ် တွဲဖက်ပါမောက္ခ ရှင်းလိတာက ပြောပါတယ်။

ဒီပယင်းကျောက်ကို ၂ဝ၁၆ ခုနှစ်ကတွေ့ခဲ့တာဖြစ်ပြီး သိပ္ပွပညာရှင်တွေဟာ မြွေပေါက်စရဲ့ အရိုးဖွဲ့စည်းပုံကို သုံးဘက်မြင်နည်းပညာသုံး လေ့လာမှုကို ၂ နှစ် အချိန်ယူခဲ့ပါတယ်။

မြွေပေါက်စရုပ်ကြွင်းကျောရိုးဟာ ၄ ဒသမ ၇၅ စင်တီမီတာရှည်ပေမယ့် အရိုးတချို့ ပျောက်နေတာကြောင့် မြွေရဲ့အရှည်ဟာ ၉ ဒသမ ၅ စင်တီမီတာအထိ ရှိမယ်လို့ ပညာရှင်တွေက ယူဆထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular