Live
Home
မြန်မာသတင်း
ပဲနွယ်ကုန်းတွင် ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းက လူနာ ၅၀၀ ကျော်ကို အခမဲ့ကုသပေး
DVB
·
July 22, 2018
ရန်ကုန်မြို့ အခြေစိုက် ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းကနေ ပဲခူးတိုင်း ပဲနွယ်ကုန်းမြို့ တစ်ရာစွမ်းအား ပရဟိတဆေးပေးခန်းမှာ ဇူလိုင် ၂၂ ရက်နေ့က လူနာ ၅၀၀ ကျော်ကို အခမဲ့လာရောက်ဆေးကုသပေးနေပါတယ်။ ရင်သားကင်ဆာ သားအိမ်ခေါင်းကင်ဆာ အဆင့်မရောက်ခင် အကြိုစမ်းသပ်နည်းတွေ၊ ရောဂါလက္ခဏာ ဖြစ်ပေါ်လာတာတွေကို အသိပညာပေးဟောပြောတာနဲ့ ရင်သားစမ်းသပ်နည်းတွေ သင်ကြားပေးခဲ့ပြီး ၄ နှစ်ကျော် သက်တမ်းအတွင်းမှာတော့ ကင်ဆာလူနာ ၃၀၀ ကျော်ကို အခမဲ့ ဆေးသွင်းကုသပေးနေပါတယ်လို့ ရွှေရောင်နှင်းဆီ ဖောင်ဒေးရှင်း အတွင်းရေးမှူး ဒေါက်တာမိုးအောင်ကျော်နိုင်က ဒီဗွီဘီကိုပြောပါတယ်။ ကင်ဆာမဖြစ်အောင် အဝမလွန်ပါစေနဲ့ ကိုယ်လက်လှုပ်ရှားမှုaတွလုပ်ပါ။ အားကစား တခုခုလုပ်နေမှ မဟုတ်ပါဘူး။ ဓာတ်လှေကား မစီးဘဲ ရိုးရိုးလှေကားကဆင်းတာ။ ကားပေါ်မှာ အမြဲခရီးသွားနေသူတွေအတွက် နာရီဝက်လောက် လမ်းလျှောက်ပေးတဲ့ ကိုယ်လက်လှုပ်ရှားမှုကလည်း ကင်ဆာရောဂါ အတော်များများကို ကာကွယ်နိုင်တယ်” လို့  ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှ ပါမောက္ခ ဒေါ်ရင်ရင်ထွန်းက ပြောပါတယ်။ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းဟာ အဓိက သားအိမ်ခေါင်းနဲ့ ရင်သားကင်ဆာ တွေကို အသိပညာပေး ဟောပြောကုသပေးနေတဲ့အပြင် သွားနှင့် ခံတွင်း၊ကလေးအထူးကု ၊အထွေထွေရောဂါကုသ စမ်းသပ်ပေးခြင်းနဲ့ အင်ထရာဆောင်း၊ သွေးချို၊ ဆီးချို၊ ဘီပိုး စတဲ့ စမ်းသပ်မှုတွေကို အခမဲ့ကုသဆောင်ရွက်ပေးခဲ့ပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ဗိုလ်သူရန်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024