Live
Home
မြန်မာသတင်း
မုတ်သုံလေ အားကောင်းနေ၊ ပြည်နယ်နှင့်တိုင်းအချို့တွင် မိုးကြီးမည်
DVB
·
July 22, 2018
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေပြီး ပြည်နယ်နဲ့တိုင်းအချို့မှာ မိုးထစ်ချုန်းရွာကာ မိုးကြီးနိုင်တယ်လို့ မိုးဇလက ဒီနေ့မနက် ၇ က သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ညနေပိုင်းအထိ မန္တလေးနဲ့မကွေး တိုင်းဒေသကြီးတို့မှာ နေရာစိပ်စိပ်နဲ့ ကျန် တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်။ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ ပဲခူးတိုင်း၊ ရန်ကုန်နဲ့ ဧရာဝတီ တိုင်းဒေသကြီးတို့မှာ နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။ ရေပြင်/မြေပြင်လေဟာ ၁ နာရီကို ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၈ ပေကနေ ၁၃ ပေလောက် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လာမယ့် ၂ ရက်မှာလည်း မုတ်သုံလေ အားကောင်းနေမှာဖြစ်ပြီး နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့ အနီးတ၀ိုက်တွေမှာ ဒီနေ့ညနေအထိ မိုးထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024