Home
မြန်မာသတင်း
ပြင်ဦးလွင်တွင် ကော်ဖီမစိုက်ဘဲပစ်ထားသည့် စီမံကိန်းမြေများကို ပြန်ပေးမည်
DVB
·
July 21, 2018
ပြင်ဦးလွင်မြို့နယ်က  ​ကော်​ဖီမစိုက်​ဘဲ ပစ်​ထားတဲ့ စီမံကိန်း​မြေ​တွေကို ပြန်​လည်​စိစစ်​ပြီး တကယ်​ ​ကော်​ဖီစိုက်​မယ့် ​တောင်​သူ​တွေကို ပြန်​ပေးသွားဖို့ စီစဉ်​ထားတယ်​လို့ ပြင်​ဦးလွင်​မြို့နယ်ပြည်သူ့ လွှတ်​​တော်​ကိုယ်​စားလှယ် ​ဦး​အောင်​ခင်​က ​ပြောပါတယ်။ မန္တလေးတိုင်းဒေသကြီး ပြင်​ဦးလွင်​မြို့ မြို့​တော်​ခန်းမမှာ ဇူလိုင်​ ၂၁ ရက်​​နေ့ ပြုလုပ်​တဲ့ ​၄ ကြိမ်​​မြောက်​ နိုင်​ငံတကာအဆင့် အ​ကောင်းဆုံး​ကော်​ဖီအရည်​အ​သွေးဆုရရှိသူ သုံးဦးကို မြန်​မာနိုင်​ငံ ​ကော်​ဖီအသင်းက ဆုချီးမြှင့်တဲ့ပွဲမှာ အခုလို ပြောကြားခဲ့တာပါ။ “အခုလို ကမ္ဘာနဲ့ယှဉ်​ပြီး ​ကောင်းမွန်​တဲ့ အရည်​အ​သွေးရှိတဲ့ ​ကော်​ဖီ​တွေ ထုတ်​လုပ်​လာနိုင်​တဲ့အတွက်​ ​ကော်​ဖီစိုက်​​တောင်​သူ​တွေကို ဂုဏ်​ပြုကြိုဆိုတယ်​။ ​ကော်​ဖီစိုက်​စီမံကိန်း ဧရိယာအတွင်းက မစိုက်​ဘဲ ပစ်​ထားတဲ့​မြေ​တွေကို ပြန်​လည်​စိစစ်​ပြီး တကယ့်ကို​ ကော်​ဖီစိုက်​စားမယ့် တောင်​သူ​တွေကို ပြန်​လည်​​ပေးဖို့ စီစဉ်​ထားတယ်​” လို့ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​အောင်​ခင်က​ပြောပါတယ်​။ ပြင်​ဦးလွင်​မြို့နယ်​အတွင်း ​မြေလွတ်​​မြေရိုင်း​မြေ​တွေ​ပေါ်မှာ ဧက ၁၆၀၀၀ ​ကျော်​နဲ့ သစ်​​တော​မြေ​ပေါ်မှာ ဧက ၁၂၀၀၀ ​ကျော်​ကို ​ကော်​ဖီစိုက်​ခင်းအဖြစ်​ချထား​ပေးတာပါ။ ၂၀၁၆ ခုကတည်းကစပြီး မစိုက်​ဘဲထားတဲ့​မြေ​တွေကို လိုက်​လံစိစစ်နေတာဖြစ်ပြီး လုံးဝမစိုက်​ပျိုး​သေးတဲ့​ မြေဧက ၇၅ ရာခိုင်းနှုန်းကို အမှန်​တကယ်​စိုက်​ပျိုးမယ့် တောင်​သူ​တွေလက်​ထဲကို လာမယ့် ဒီဇင်ဘာလထဲ ပြန်​လည်​​ပေးအပ်​သွားမယ်လို့ ဆိုပါတယ်။ မြန်​မာနိုင်​ငံ ​ကော်​ဖီအသင်း ဥက္ကဋ္ဌ ဦးရဲမြင့်က​ “ကျ​နော်​တို့​ကော်​ဖီ​တွေ ကမ္ဘာမှာ ဒီထက်​မက ​ရှေ့​ရောက်​ပြီးတိုးတက်​ဖို့ နည်းပညာပိုင်းဆိုင်​အ​ထောက်​အကူ​တွေ၊ ကုန်​ထုတ်​လုပ်​မှုအပိုင်း​တွေကို အစိုးရဘက်​က ကူညီ​ပေးဖို့လိုအပ်​တယ်။ ဒါမှသာ ဒီထက်​မက ကမ္ဘာကိုထိုး​ဖောက်​နိုင်​မှာဖြစ်​တယ်​။ အခုဆို ကမ္ဘာကို ရင်​​ပေါင်​တန်းနိုင်​တဲ့ အရည်​အ​သွေးပြည့်မီတဲ့ ကော်​ဖီလုပ်​ငန်းရှင်​​တွေ အခုဆို​ပေါ်လာပြီ။ ဒီထက်​မက​ပေါ်​ပေါက်​လာဖို့ အစိုးအ​နေနဲ့ ကူညီ​ပေးပါ” လို့ ပြောပါတယ်။ ဆုချီးမြှင့်ပွဲကို  ကော်​ဖီစိုက်​​တောင်​သူ​ ၅၀ ​ကျော်​၊ နန်းမြိုင်​​ကော်​ဖီ၊ စည်​သာ​ကော်​ဖီ ဉာဏ်​ကြီးရှင်​ကော်​ဖီ စတဲ့​ကော်​ဖီခြံ​တွေက​ တာဝန်​ရှိသူ​တွေ၊ ​ကော်​ဖီပညာရှင်​တွေ၊ စည်​ပင်​သာ​ရေး​ကော်​မတီ တာဝန်ရှိတို့ တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024