Home
မြန်မာသတင်း
ခန္တီးမြို့တွင် ဗိုလ်ချုပ်ရုပ်တုဖွင့်ပွဲ ကျင်းပ
DVB
·
July 21, 2018
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ခန္တီးမြို့မှာ ကန့်ကွက်မှုတွေ ရှိပေမယ့် ဇူလိုင် ၂၁ ရက်နေ့ မနက်ပိုင်းက ဗိုလ်ချုပ်မြင်းစီး ကြေးရုပ်တုဖွင့်ပွဲ ပြုလုပ်ခဲ့တယ်လို့ ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီဝင်အဖွဲ့ဝင် ကိုမောင်ဆန်းက ပြောပါတယ်။ ခန္တီးမြို့မှာ ဖွင့်လှစ်မယ့် ဗိုလ်ချုပ် မြင်းစီးကြေးရုပ်နဲ့ ပက်သက်ပြီး နာဂအရပ်ဘက် အဖွဲ့အစည်း ၁ဝ ဖွဲ့က ဇူလိုင် ၁၃ ရက်နေ့ရက်စွဲနဲ့ ကန့်ကွက်ခဲ့ကြပေမယ့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နဲ့ ခန္တီးအခြေစိုက် နာဂစာပေယဉ်ကျေးမှု အဖွဲ့တွေကတော့ ကန့်ကွက်မှု တစုံတရာမရှိခဲ့ပါဘူးလို့ ခန္တီးမြို့နယ်မဲဆန္ဒ အမှတ်(၁) နာဂတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ပြောပါတယ်။ ဗိုလ်ချုပ်မြင်းစီး ကြေးရုပ်တုဖွင့်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ မြင့်နိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဦးစီးအဖွဲ့နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားတွေဖြစ်ကြတဲ့ ကချင်၊ ချင်း၊ ရှမ်း၊ နာဂ၊ လေရှီးလူမျိုးတွေ၊ မြို့မိမြို့ဖတွေ၊ ဌာနဆိုင်ရာတွေနဲ့ လူအင်အား သုံးထောင်လောက်က တက်ရောက် ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်မြင်းစီး ကြေးရုပ်ဖြစ်မြောက်ရေးကို ၂ဝ၁၇ ခုနှစ်အတွင်းက ကော်မတီစတင်ဖွဲ့စည်းခဲ့ပြီး ၂ဝ၁၈ ခုနှစ်အတွင်းမှာတော့ ရန်ကုန်မြို့မှာ ဗိုလ်ချုပ်မြင်းစီးရုပ်တု ထုထစ်ခဲ့တာဖြစ်ပြီး အခုလို ဗိုလ်ချုပ်မြင်းစီးရုပ်တုထုထစ်မှုဟာဆိုရင် ခြောက်လကြာမြင့် ခဲ့တာလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်မြင်းစီးရုပ်တုရဲ့ အလေးချိန်ဟာ တစ်တန်ရှိပြီး ကြေးပိဿာချိန် ခုနစ်ဆယ်ရှိပါတယ်။ အဲဒီဗိုလ်ချုပ်ရုပ်မြင်းစီးရုပ်တုရဲ့ စုစုပေါင်း ကုန်ကျငွေဟာဆိုရင် ကျပ်သိန်းပေါင်းလေးရာကျော် ကုန်ကျခဲ့တာလည်း ဖြစ်ပါတယ်။ အောင်ဆန်းမြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024