Home
မြန်မာသတင်း
ရွှေကူမြို့နယ်တွင် ကျပ်သိန်း ၂၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
July 21, 2018
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်ထဲက နန့်ကျင်နီ တဲဖြူဝါးခုတ်စခန်းမှာ ကျပ်သိန်း ၂၆၀၀ ကျော် တန်ဖိုးရှိတဲ့  မူးယစ်ဆေးဝါးတွေကို ဇူလိုင် ၂၀ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။ နန့်ကျင်နီ တဲဖြူဝါးခုတ်စခန်းမှာရှိတဲ့  ဒေါ်တင်မြလေးရဲ့ ကုန်စုံဆိုင်အတွင်းကို ရွှေကူမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး ဟန်မွှေး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေရာမှာ ဘိန်းမဲ ၄ ထုပ် စုစုပေါင်း အလေးချိန် ၃ ပိဿ၊ WY နဲ့ 88 စာတန်းပါ စိတ်ကြွဆေးပြား ၁,၂၀၀,၀၀၀၊ ဘိန်းဖြူ အလေးချိန်ဂရမ် ၃၇၀ ကျော်၊ ငွေကျပ် ၈၅ သိန်းနဲ့ လက်ကိုင်ဖုန်းတလုံးကို သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။ ဆိုင်ရှင်ဖြစ်သူ ဒေါ်တင်မြလေးကိုတော့ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024