Home
မြန်မာသတင်း
နိုင်ငံတော်အဆင့်စီမံကိန်းများ လုပ်ရန် ကော့မှူးကို လာရောက်ခြင်းဖြစ်ဟု အတိုင်ပင်ခံပြော
ပြည့်ဘုန်းအောင်
·
July 21, 2018
တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတချို့ ကော့မှူးကနေ စတင်အကောင်အထည်ဖော်ဆောင်စရာတွေရှိတာကြောင့် ကော့မှူးကို လာရောက်ခဲ့တာလို့ နိုင်ငံတော် အတိုင်ပင်ခံက ပြောဆိုလိုက်ပါတယ်။ အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ သူ့ရဲ့ မဲဆန္ဒနယ်ဟောင်းဖြစ်တဲ့ ကော့မှူးကို ၂ နှစ်ကျော်ကာလအလွန်မှ ရောက်ရှိခဲ့တာပါ။ “အခုကော့မှူးမှာဆိုရင် လမ်းတွေက ၁၀၀ ရာခိုင်နှုန်း နီးပါးလောက် ကောင်းသွားပြီ။ ဒါ့ကြောင့် ဒီမှာဆိုရင် နိုင်ငံတနိုင်ငံလုံးအတွက် လုပ်ချင်တဲ့ သက်ဆိုင်တဲ့ ကိစ္စလေးတွေကို ကျမတို့အနေနဲ့ စမ်းပြီးတော့ လုပ်ချင်တာရှိတဲ့အတွက် ကျမတို့အနေနဲ့ အထူးလာရောက်ကြည့်ရှုတာဖြစ်ပါတယ်” လို့ အတိုင်ပင်ခံက ပြောပါတယ်။ ဇူလိုင် ၂၀ ရက်နေ့ မနက်ပိုင်းကတည်းက ကော့မှူးကို ရောက်နေတဲ့ အတိုင်ပင်ခံဟာ နေ့လယ်ပိုင်းမှာတော့ ကော့မှူးက အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာတော့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို အစိုးရအဖွဲ့ဝင်တွေက ကော့မှူးက လုပ်ငန်းတွေကို ရှင်းပြခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးက ကော့မှူးမြို့နယ်မှာ အကောင်အထည်ဖော်ဆောင်ရွက်မယ့် လုပ်ငန်းတွေကို တင်ပြခဲ့ပါတယ်။ စီမံကိန်းတွေကတော နိုင်ငံတစ်ကာအဆင့်မီ ရေနက်ဆိပ်ကမ်းဆောက်လုပ်မယ့် အစီအစဉ်တွေ၊ အထူးစီးပွားရေးဇုန် စီမံကိန်းတွေ ဖြစ်တယ်လို့ သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ *အတိုင်ပင်ခံကို ဝန်ကြီးချုပ်က ကော့မှူးမှာလုပ်မယ့် စီးမံကိန်းတွေကို တင်ပြတာပေါ့။ ရန်ကုန်မြို့အပြင် ၁၁ မြို့နယ်မှာ စက်မှုဇုန်တွေ တိုးချဲ့မယ့် ကိစ္စမှာလည်း ကော့မှူးလည်း ပါတယ်လေ။ ပြီးတော့ နိုင်ငံတကာ ရေနက်ဆိပ်ကမ်းဆောက်လုပ်မယ့် စီမံကိန်းမျိုးတွေ” လိုY ကော့မှူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းက ပြောပါတယ်။ အန်အယ်လ်ဒီအစိုးရရဲ့ လက်ရှိသက်တမ်းဟာ ၂ နှစ်ကျော်ကာလသာ ကျန်ရှိတော့တာကြောင့် ဒီစီမံကိန်းတွေ အခုအစိုးရ သက်တမ်းအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မှာလားလို့ ဒီဗွီဘီက သက်ဆိုင်ရာ နယ်မြေကိုယ်စားလှယ်ကို မေးမြန်းရာမှာတော မြေပြင်အခြေအနေတွေကို ရှင်းလင်းဆောင်ရွက်ပြီးရင် အကောင်အထည်ဖော်နိုင်မယ်လို့  ဖြေကြားသွားပါတယ်။ ပြည့်ဘုန်းအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024