Home
မြန်မာသတင်း
အမာမြို့အနီး​ ​လေဆင်​နှာမောင်းကြောင့် နေအိမ် ၂၈ လုံး​ပျက်​စီး
DVB
·
July 20, 2018
ဧရာဝတီတိုင်း​​ဒေသကြီး၊ ဖျာပုံမြို့နယ် အမာမြို့အနီးမှာရှိတဲ့ ခေတ္တာကျွန်း​ကျေးရွာမှာ ဒီကနေ့ မနက်​ ၄ နာရီ ၅၀ မိနစ်​အချိန်​မှာ ​လေဆင်​နှာမောင်း ဝင်ရောက်တိုက်​ခတ်ခဲ့တာကြောင့် လူ​နေအိမ်၊ ​ဈေးဆိုင်နဲ့ အလုပ်​ရုံ စုစုပေါင်း ၂၈ လုံး ပျက်​စီးခဲ့ပြီး ရေယာဉ်​ ၁ စီး တိမ်း​​မှောက်​ခဲ့ပါတယ်။ လေဆင်​နှာ​မောင်း တိုက်​ခတ်မှုကြောင့် ​ခေတ္တာကျွန်း​ကျေးရွာမှာ လူ​နေအိမ်​ ၂၂ လုံး၊ အလုပ်​ရုံ ၃ ရုံ၊ ​ဈေးဆိုင်​ ၁ လုံး၊ ဆိတ်​တင်းကုတ်​ ၂ လုံးတို့ ပြိုကျပျက်စီး အမိုးလန်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် ကမ်းမှာကပ်ထားတဲ့ လိုင်း​ရေယာဉ်​ ၁ စီး တိမ်း​မှောက်ခဲ့ပေမယ့် လူအသေအပျောက် ထိခိုက်ဒဏ်ရာရတာတွေတော့ မရှိခဲ့ဘူးလို့ အမာမြို့အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာနရုံးက ပြောပါတယ်။ “အိမ်​​ထောင်​စု​တွေကို စာသင်​​ကျောင်း​တွေနဲ့ ​ကျေးရွာ ကျန်းမာ​ရေး​ဆေး​ပေးခန်းတွေမှာ နေရာ​ပြောင်းရွှေ့ထားပြီး အစားအ​သောက်​နဲ့ ကျန်းမာ​ရေး​စောင့်​ရှောက်​မှု ​လော​လောဆယ် ကူညီ​စောင့်​​ရှောက်​မှု​ ပေးထားပါတယ်” လို့ အမာမြို့အုပ်​ချုပ်​​ရေးမှူး (ယာယီ) ဦး​ရွှေစိုးဟန်​က ပြောပါတယ်။ လေဆင်​နှာ​မောင်း တိုက်​ခတ်မှု​ကြောင့် အိမ်​​ထောင်​စု ၂၆ စု အိုးမဲ့အိမ်​မဲ့ဖြစ်​ခဲ့ပြီး လူဦး​ရေ ကျား ၅၈ ဦး၊ မ ၅၆ ဦးစုစုပေါင်းလူဦး​ရေ ၁၁၄ ဦးကို ကယ်​ဆယ်​​ရေးစခန်း ဖွင့်လှစ်​​ပေးထား​တယ်လို့ သိရပါတယ်။ အမာမြို့၊ အမှတ်​ ၁ ရပ်​ကွက်​မှာလည်း ဇူလိုင်​ ၂၀ ရက်​​နေ့ မနက်​ ၆ နာရီအချိန်​က လေဆင်​နှာမောင်းတိုက်​ခတ်မှု​ကြောင့် နေအိမ်​ ၂ လုံး ပြိုကျပျက်​စီးခဲ့တယ်လို့ သိရပါတယ် မြမင်းဦး(ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024