Monday, June 5, 2023
HomeLead Storyသက်သေခံပစ္စည်းအဖြစ် အောင်ဝင်းဇော်၏ ဘောင်းဘီကိုတင်သွင်းမှု တရားရုံးပယ်ချ

သက်သေခံပစ္စည်းအဖြစ် အောင်ဝင်းဇော်၏ ဘောင်းဘီကိုတင်သွင်းမှု တရားရုံးပယ်ချ

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ အသတ်ခံရတဲ့နေ့မှာ အောင်ဝင်းဇော်ဝတ်ဆင်ခဲ့တဲ့ ဘောင်းဘီကို သက်သေခံပစ္စည်းအနေနဲ့  တင်ပြလာတာကို ရန်ကုန် မြောက်ပိုင်း ခရိုင်တရားရုံးက ပယ်ချလိုက်ပါတယ်။

ဒီနေ့ရုံးထုတ်မှာ အောင်ဝင်းဇော်ကို စစ်ဆေးမေးမြန်းနေတာဖြစ်ဖြစ်ပြီး သူရဲ့ရှေ့နေက ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ခြင်းမရှိခဲ့တဲ့ အခင်းဖြစ်တဲ့နေ့က အောင်ဝင်းဇော်ဝတ်ခဲ့တဲ့ ဘောင်းဘီကို သက်သေခံပစ္စည်းအဖြစ် တင်သွင်းခဲ့တာပါ။

ဒါပေမယ့်တရားလိုရှေ့နေက ကန့်ကွတ်ခဲ့တဲ့အတွက် ခရိုင်အထူးခုံရုံးတရားသူကြီးတွေက ၄၅မိနစ်ဝန်းကျင်လောက် ခဏနားပြီးမှ သက်သေခံတင်သွင်းတာကို ပယ်ချကြောင်း အမိန့်ချခဲ့တာပါ။

အမှုစစ်အရာရှိက အောင်ဝင်းဇော်ဟာ အခင်းဖြစ်ချိန်တုန်းက ပစ္စည်းတွေကို ပုဇွန်တောင်ချောင်းထဲမှာ ဖျောက်ဖျတ်ခဲ့တယ်လို့ တရားလိုပြသက်သေအဖြစ် အစစ်ခံချိန်တုန်းက ထွက်ဆိုထားပါတယ်။

တရားလွှတ်တော်ရှေ့နေဦးကိုနီ အသတ်ခံတဲ့အမှုအတွက် စွဲချက်တင်ခံထားရတဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနဲ့ ဇေယျာဖြိုးတို့ကို ၆၂ ကြိမ်မြောက်အဖြစ် ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့  ရုံးထုတ်စစ်ဆေးနေတာ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular