အမေရိကန်တွင် အပျော်စီးလှေ တိမ်းမှောက် ၈ ဦးသေ၊ အမြောက်အမြား ဆေးရုံတင်ရ

အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်မှာ ဇူလိုင် ၁၉ ရက် ညက အပျော်စီး ခရီးသည်တင်လှေတစီး မှောက်ခဲ့တာကြောင့် အနည်းဆုံး လူ ၈ ဦးသေဆုံးပြီး အမြောက်အမြား ဆေးရုံတင်ခဲ့ရတယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။ Ride the Ducks လို့ အမည်ရတဲ့ အပျော်စီးလှေဟာ ခရီးသည် အယောက် ၃ဝ ကျော် တင်ဆောင်လာခဲ့ပြီး Table Rock Lake ရေကန်အတွင်း နစ်မြုပ်ခဲ့တာဖြစ်တယ်လို့ အဲဒီရဲအရာရှိက ပြောပါတယ်။ မိုးလေဝသ သတင်းတွေအရ အဲဒီဒေသမှာ လေပြင်းတွေ တိုက်ခတ်နေတာကြောင့် လှေမှောက်ရတဲ့ အကြောင်းရင်းဟာ ရာသီဥတုကြောင့် ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။ လှေမှောက်မှုကြောင့် ခရီးသည်တချို့ စာရင်းပျောက်နေပြီး ရေငုပ်အဖွဲ့က ရှာဖွေရေး လုပ်ဆောင်နေတယ်လို့ ဗွီအိုအေသတင်းအရ  သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up