Home
အနုပညာ
အဖြူရောင်ဝတ်စုံနဲ့ အလန်းစားပုံတွေ တင်လိုက်ပြန်တဲ့ သင်ဇာဝင့်ကျော်(ဓာတ်ပုံ)
DVB
·
July 20, 2018
ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ပွဲတက်ဝတ်စုံတစုံကြောင့် လူပြောများ ဝေဖန်ခံခဲ့ရတဲ့ သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်က အဖြူရောင် အလန်းစားဝတ်စုံနဲ့ ဓာတ်ပုံတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်စာမျက်နှာပေါ်မှာ တင်လိုက်ပြန်ပါတယ်။ ဒီတခါမှာတော့ ဆိုဖာပေါ်မှာ လဲလျောင်းရက်သား အနေအထားနဲ့ ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို တွေ့မြင်ကြရမှာပါ။ သင်ဇာဝင့်ကျော်ဟာ ခန္ဓာကိုယ် ကောက်ကြောင်းအလှအပတွေကို ဖော်ကျူးထားတဲ့ ပုံတွေ မကြာခဏ တင်လေ့ရှိပြီး ပရိသတ် အားပေးမှု ရရှိနေသူဖြစ်ကာ သူ့ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာတော့ ပရိသတ် ၇ သိန်း ၆ သောင်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။ သိပ်မကြာခင်ကမှ ထွက်ရှိထားခဲ့တဲ့ မုန်းလို့ရရင် မုန်းချင်တယ် အမည်ရတဲ့ ရုပ်ရှင်ကားထဲမှာလည်း နာမည်ကြီး သရုပ်ဆောင်မင်းသား နေတိုး၊ သရုပ်ဆောင် အဆိုတော် ရတနာမိုင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားခဲ့ပြီး ပရိသတ်အားပေးမှု ရရှိနေသူလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024