မောင်တောမြို့နယ်၌ လှေ ၁ စီးပေါ်က ဘီယာ၊ စီးကရက်များ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ  လှေ ၁ စီးပေါ်ကနေ ဘီယာ၊ စီးကရက်နဲ့ စားသောက်ကုန်ပစ္စည်းတွေ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဇူလိုင်လ ၁၈ ရက် ည ၁၀နာရီခွဲလောက်က  မောင်တောမြို့နယ် ရှေ့တန်းအမှတ်(၄) နယ်ခြားစောင့်တပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်တွေ လှည့်ကင်းဆောင်ရွက်ချိန်မှာ  ကျောက်လှေကားဆိပ်ကမ်းမှာ လှေ ၁ စီး ဆိုက်ကပ်ထားတာကို တွေ့ရှိစစ်ဆေးရာမှာ ပိုင်ရှင်မဲ့ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တာပါ။ တွေ့ရှိတဲ့ပစ္စည်းတွေကတော့ Adaman Gold တံဆိပ်ပါ ဘီယာ ၁၉၅ ဖာ၊ ဆာလာအိတ်နဲ့  ထုတ်ထားတဲ့ မျှောပိုက် ၁၁ ထုတ်၊ Marble တံဆိပ်ပါ စီးကရက် ၅ ဖာ၊ Premier Gold တံဆိပ်ပါ စီးကရက် ၅ ဖာ၊ Rich တံဆိပ်ပါ ကော်ဖီမစ် အထုပ်ကြီး ၆၀ ထုပ်တို့ ဖြစ်ပါတယ်။ ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်းခဲ့တဲ့ အဆိုပါပစ္စည်းတွေကို  ပြင်ဖြူနယ်မြေရုံးသို့ သယ်ယူ ပို့ဆောင်ထိန်းသိမ်းကာ အမှုဖွင့် ဆောင်ရွက်သွားမယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။ ဓာတ်ပုံ - ပြည်ထဲရေး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up