Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်း ဆက်ဖြစ်ပေါ်နေ၊ မြန်မာတနိုင်ငံလုံး နေရာအနှံ့ မိုးထစ်ချုန်းရွာနိုင်
DVB
·
July 20, 2018
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ မနက် ၇ နာရီက  ထုတ်ပြန်ထားပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအလွန် ကောင်းနေပြီး ယနေ့ ညနေအထိ ခန့်မှန်းချက်အရ တပြည်လုံး နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးနိုင်တယ်၊ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ မြန်မာ့ပင်လယ်ပြင် အခြေအနေကတော့ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက် လှိုင်းကြီးမယ်၊ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ ၁ နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်သလို လှိုင်းအမြင့်မှာ ၉ ပေမှ ၁၄ ပေခန့် ရှိနိုင်တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ - မိုးဇလ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024