Home
မြန်မာသတင်း
မစိုးရိမ်ဘုန်းတော်ကြီးသင် ကျောင်းသား ကျောင်းသူ ၄၅၀ ကျော် အာဇာနည်နေ့ အောက်မေ့ဖွယ် လမ်းလျှောက်
DVB
·
July 19, 2018
မန္တလေးမြို့ ကံတက်ကုန်း မစိုးရိမ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသား ကျောင်းသူ ၄၅၀ ကျော်ဟာ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ အောက်မေ့ဖွယ် အထိမ်းအမှတ်အနေနဲ့  ဒီနေ့မနက် ကျောင်းဝင်းမှ စတင်ထွက်ခွာပြီး အာဇာနည်နေ့ အောက်မေ့ဖွယ် လမ်းလျှောက်ခဲ့ပါတယ်။ ကံတက်ကုန်း မစိုးရိမ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် ဦးမင်းထက်ငြိမ်းချမ်းက ''ပြည်သူ့ရင်ထဲမှာ လွတ်လပ်ရေးရအောင် ကြိုးပမ်းပေးခဲ့တဲ့ ကျေးဇူးရှင်တွေဖြစ်တဲ့ အာဇာနည် ၉ ဦး မမေ့မလျော့စေဖို့ အခုလို လမ်းလျှောက်တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။ အာဇာနည် ကိုးဦးရဲ့ ဓာတ်ပုံတွေနဲ့ လွမ်းသူ့ပန်းခွေတွေ ကိုင်ဆောင်ပြီး ကံတက်ကုန်း မစိုးရိမ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ စတင်ထွက်ခွာကာ အောက်မေ့ဖွယ် လမ်းလျှောက်ခဲ့ကြတာပါ။ အောက်မေ့ဖွယ် လမ်းလျှောက်ခဲ့တဲ့ လမ်းတလျှောက် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ပြောကြားချက်တွေကို ဖွင့်ပေးခဲ့ပြီး အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ မျှော်မှန်းချက်တွေကို နှိုးဆော်ပေးခဲ့တယ်လို့ သိရပါတယ်။ သော်တာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024