Home
မြန်မာသတင်း
ဖားကန့် မြေပြိုကျမှု သေဆုံးသူ ၂၀ ရှိပြီ
DVB
·
July 19, 2018
ဖားကန့်မြို့နယ် ဆန်ခါကျေးရွာက မြေကမ်းပါးပြိုကျခဲ့ရာမှာ မြေပိသေဆုံးခဲ့တဲ့ အလောင်းတွေကို ထပ်မံတွေ့ရှိခဲ့ပြီး ဇူလိုင် ၁၈ ရက်နေ့အထိ စုစုပေါင်း မြေပိသေဆုံးသူ အလောင်း ၂၀ ရှိသွားပြီလို့ မြင့်မြတ်သူ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။ ဇူလိုင် ၁၄ ရက်နေ့က ဖားကန့်မြို့နယ် ဆန်ခါကျေးရွာ မြေကမ်းပါးပြိုကျခဲ့လို့ ပျေက်ဆုံးခဲ့တဲ့ သူတွေကို ရှာဖွေရာမှာ ရာသီဥတုအခြေအနေနဲ့ နေရာအနေအထားတွေကြောင့် ရှာဖွေရေး ခက်ခဲခဲ့ရပါတယ်။ ဇူလိုင် ၁၇ ရက်နေ့မှာ အလောင်း ၁ လောင်း၊ ၁၈ ရက်နေ့မှာ အလောင်း ၂ လောင်း၊ ရေပေါ် ပေါ်လာတဲ့အတွက် စုစုပေါင်း အလောင်း ၂၀ ရှိသွားပြီလို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ပျောက်ဆုံးနေသူ ၆ ယောက် ကျန်ရှိနေသေးပြီး မြစ်ကြီးနား၊ ဖားကန့်နဲ့ လုံးခင်းဆေးရုံတွေမှာ ကုသမှုခံယူနေတဲ့ လူနာတွေရဲ့ အခြေအနေကတော့ အသေအပျောက် မရှိဘူးလို့ သိရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ဇော်မိုးထက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024