Home
မြန်မာသတင်း
ဖခင်ဗိုလ်ချုပ် လက်ခံယူခဲ့သည့် စစ်ရေယာဉ်မေယုကို ဒေါ်အောင်ဆန်းစုကြည် ကြည့်ရှု
DVB
·
July 19, 2018
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဒေသကြီး သန်လျင်တပ်နယ်မှာ ခင်းကျင်းပြသထားတဲ့ သမိုင်းဝင် စစ်ရေယာဉ် မေယုကို ဇူလိုင် ၁၈ ရက်နေ့မနက်က သွားရောက် ကြည့်ရှုလေ့လာခဲ့ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား တပ်နယ်ရိပ်သာမှာ သန်လျင်တပ်နယ်မှ ဗိုလ်ချုပ်ဌေးနိုင်က သမိုင်းဝင် စစ်ရေယာဉ်မေယုနဲ့ ပတ်သက်တဲ့  သမိုင်းရေးဆိုင်ရာ အချက်အလက်တွေကို ရှင်းလင်းခဲ့ပါတယ်။ ဗြိတိသျှအစိုးရကိုယ်စား စစ်ရေယာဉ်မှူးဖြစ်သူ ဗိုလ်မှူး မစ်ချယ်လ်က မြန်မာနိုင်ငံ အရန်တော်ဝင်ရေတပ်ကို စစ်ရေယာဉ်မေယု အခမ်းအနားနဲ့ လွှဲပြောင်းပေးအပ်ခဲ့စဉ်က ကာကွယ်ရေး ၀န်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ရောက်ပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခြင်းနဲ့ ရေယာဉ်ကို မြန်မာနိုင်ငံကိုယ်စားလက်ခံတဲ့ ရုပ်သံမှတ်တမ်းကို ပြသခဲ့ပါ့တယ်။ သန်လျင်တပ်နယ်မှ ဗိုလ်ချုပ်ဌေးနိုင်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား စစ်ရေယာဉ်မေယုအထိမ်းအမှတ် အမှတ်တရ လက်ဆောင်နဲ့ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် စစ်ရေယာဉ်မေယုကို လက်ခံရယူစဉ်က သမိုင်း မှတ်တမ်းဓာတ်ပုံတို့ကို ပေးအပ်ခဲ့ပါတယ်။ စစ်ရေယာဉ်(မေယု)ဟာ River Class အမျိုးအစားဖရီးဂိတ် စစ်ရေယာဉ် ဖြစ်ပြီး ၁၉၄၃ ခုနှစ် ဇူလိုင် ၁၅ ရက်တွင် ဗြိတိသျှတော်ဝင်ရေတပ်မတော် အမှတ် (၃၈) ကင်းထောက်ရေယာဉ်အုပ်မှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် မေ ၂၅ ရက် မွန်းတည့် ၁၂ နာရီမှာ ဗြိတိသျှ တော်ဝင်ရေတပ်မတော်က မြန်မာနိုင်ငံ အရန်တော်ဝင်ရေတပ်ကို အခမ်းအနားနဲ့ လွှဲပြောင်းပေးအပ်ခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024