Home
နိုင်ငံရေး
အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ
DVB
·
July 18, 2018
မန်းဘခိုင် (၁၉ဝ၃ – ၁၉၄၇) ကရင်အမျိုးသားတယောက်ဖြစ်တဲ့ မန်းဘခိုင်ကို ၁၉ဝ၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်မှာ ဖခင် ယုန်သလင်းရွာသူကြီး မန်းပေကုန်းနဲ့ မိခင် ဒေါ်ပုတို့က ဟင်္သာတမြို့နယ်၊ ယုန်သလင်းရွာမှာ မွေးဖွားခဲ့ပါတယ်။ ဟင်္သာတမြို့ အေဘီအမ်ကျောင်းမှာ ပညာသင်ယူခဲ့ပြီးနောက် ကိုယ်ပိုင်ကုမ္ပဏီထောင်ခဲ့ပြီး ကရင်ဘာသာသင်ကျောင်း တကျောင်းကို ဦးစီးဖွင့်လှစ်ခဲ့ပါသေးတယ်။ ၁၉၃၇ ခုနှစ်မှာ ပုသိမ်မြောက်ပိုင်းက အမတ်အဖြစ် အရွေးခံရပြီး ၁၉၄၁ မှာ တရားရေးဌာနရဲ့ အတွင်းဝန် ဖြစ်လာခဲ့ပါတယ်။ ကရင်လူငယ်များအသင်းကို တည်ထောင်ခဲ့သလို ဖက်ဆစ်တော်လှန်ရေးမှာလည်း ကရင်လူငယ်တွေကို စုစည်းပါဝင်ခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်မှာ ဖဆပလအဖွဲ့ကြီး ဖြစ်မြောက်ရေး ကြိုးပမ်းပြီး ဖဆပလ ဗဟိုအမှုဆောင်လူကြီး၊ ကရင်လူငယ်များအစည်းအရုံး ဥက္ကဋ္ဌ၊ မြစ်ဝကျွန်းပေါ်ဒေသ ဖဆပလဖွဲ့စည်းရေး တာဝန်ခံအဖြစ် တာဝန်တွေယူခဲ့သလို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ကြားဖြတ်အစိုးရအဖွဲ့မှာ စက်မှုလက်မှုနဲ့ အလုပ်သမားဝန်ကြီး ဖြစ်ပါတယ်။ ၁၉၄၇၊ ဇူလိုင် ၁၉ ရက်၊ မနက် ၁ဝ နာ၇ီ ၃၇ မိနစ်မှာ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ဝန်ကြီးတွေနဲ့အတူ အတွင်းဝန်များရုံးမှာ အစည်းအဝေးလုပ်နေရင်း ဂဠုန်ဦးစော ခိုင်းစေတဲ့ လူသတ်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျည် ၁၅ ချက်သင့်ပြီး ကျဆုံးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024