ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးကို 199 ကတဆင့် တိုင်ကြားလာသည့်အမှုမရှိသေး
DVB
·
July 17, 2018

ကချင်ပြည်နယ်မှာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် အနေနဲ့ 199 အဖွဲ့တွေကို ဖွဲ့ထားတာ ကြာပြီးဖြစ်ပေမယ့် ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးကိုတော့ အခုချိန်ထိ 199 Call Center ကနေ အမှုဖွင့် တိုင်ကြားလာတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
အမှုအခင်းတိုင်ကြားမှုတွေ ဆက်သွယ်လွယ်ကူစေဖို့ 199 အဖွဲ့ ဖွဲ့ထားတာဖြစ်ပေမယ့် ယခုချိန်ထိ တိုင်ကြားလာမှု မရှိသေးတာဟာ ဒေသခံတွေအနေနဲ့ ရင်းနှီးမှုမရှိသေး တဲ့အတွက်ဖြစ်နိုင်တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးက တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီ 199 ခေါ်ဆိုမှုဟာ Mytel ဆင်းမ်ကတ်သုံးဖုန်းတွေ၊ CDMD 450ဖုန်းတွေနဲ့ ခေါ်ဆိုလို့ မရသေးဘူးလို့သိရှိရပြီး အခြားဖုန်းလိုင်းတွေနဲ့ကတော့ အချိန်မရွေးခေါ်ဆိုနိုင်တယ်လို့ သိရပါတယ်။