Home
အနုပညာ
ကမ္ဘာ့အကြီးဆုံး စက္ကူဆင်ရုပ်ကြီးအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့သည့် မြန်မာ့ဆင်ရုပ်ကြီး (ရုပ်သံ)
DVB
·
July 17, 2018
ဆင်တွေနဲ့ တောရိုင်းတိရစ္ဆာန်တွေ ထိန်းသိမ်းကာကွယ်ရေး အသိပညာပေး လှုပ်ရှားမှုမှာ အထူးဖန်တီးပြုလုပ်ခဲ့တဲ့ စက္ကူဆင်ရုပ်ကြီးဟာ ကမ္ဘာ့အကြီးဆုံး စက္ကူဆင်ရုပ်ကြီးအဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်း တင်နိုင်ခဲ့ပြီလို့ ကမ္ဘာ့သားငှက်တိရစ္ဆာန်ရန်ပုံငွေအဖွဲ့ (WWF) က ထုတ်ပြန်ပါတယ်။ အဲဒီ စက္ကူဆင်ရုပ်ကြီးရဲ့ အရွယ်အစားဟာ အရှည် ၂၁ ပေ၊ အကျယ် ၇ ပေနဲ့ အမြင့် ၂၁ ပေရှိပြီး မိုမိုတို့အတွက် ရင်တွင်းစကားသံ အမည်နဲ့ အသိပညာပေး လှုပ်ရှားမှုတွေအတွက် ရည်ရွယ်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ သာမန် အရွယ်ရောက်ပြီး ဆင်ထီးတကောင်ရဲ့ အရွယ်အစားဟာ အမြင့် ၇ ပေကနေ ၉ ပေထိသာ ရှိတာမို့ ဒီစက္ကူဆင်ရုပ်ကြီးဟာ ပြင်ပမှ ဆင်တကောင်ထက် ၃ ဆ ပိုမိုကြီးမားနေတာပါ။ တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှုဟာ ကမ္ဘာ့စတုတ္ထအကြီးဆုံး တရားမဝင် ကုန်သွယ်မှုလုပ်ငန်းဖြစ်ပြီး မြန်မာနိုင်ငံဟာ တောရိုင်းတိရစ္ဆာန် မှောင်ခိုကုန်သွယ်မှုရဲ့ ဒေသတွင်း ဗဟိုဌာနတခု ဖြစ်လာနေခဲ့တာပါ။ ကမ္ဘာ့သားငှက်တိရစ္ဆာန် ရန်ပုံငွေအဖွဲ့ (WWF) က ထုတ်ပြန်တဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဒီဆင်ရုပ်ကြီးကို ဖန်တီးခဲ့ကြသူတွေဖြစ်တဲ့ ဂရပ်ဖတီပညာရှင် ကိုအာကာကျော်နဲ့ ဦးမြင့်တို့က ဘယ်လိုဖန်တီးခဲ့ကြသလဲ ဆိုတာကို ရုပ်သံမှတ်တမ်း တင်ထားခဲ့တာ ရှုစားကြရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024