ဘာလီကျွန်းရဲ့ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းကြောင့် ဆင်းရဲသားတွေ ထူးခြားမလာ
DVB
·
July 17, 2012
ဘာလီကို အားလပ်ရက် ခရီးထွက်ရာ နေရာတခုအဖြစ် ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းအတွက် အသုံးချတာဟာ ဆင်းရဲသားတွေအတွက် ကပ်ဘေးတခုလို ဖြစ်လာနေတယ်လို့ ဘာလီ အုပ်ချုပ်ရေးမှူးက ပြင်းပြင်းထန်ထန်ဝေဖန်ပါတယ်။ မကြာခင်က ထုတ်ပြန်လိုက်တဲ့ အစိုးရရဲ့ ကိန်းဂဏန်းတွေအရ ဘာလီက ဆင်းရဲသားအရေအတွက်ဟာ မြင့်တက်နေပါတယ်။ ဂျာကာတာ အနောက်ဘက်မှာ ရှိတဲ့ ဘာလီဟာ အင်ဒိုနီးရှားမှာ ဆင်းရဲသားဦးရေ ဒုတိယအများဆုံး ပြည်နယ်အဖြစ် စာရင်းဝင်သွားပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ များနေလေလေ၊ ဆင်းရဲမှုတိုက်ဖျက်ရေးလုပ်ငန်း မအောင်မြင်လေပဲလို့ ဆင်းရဲသား အကူအညီပေးရေး အသင်းအဖွဲ့တွေက ဆိုနေကြပါတယ်။
ဒီအကြောင်း ရေဒီယို သြစတြေးလျက သတင်းထောက် အော်စကာ ဆာဘာတီက သတင်းဆောင်းပါး ပေးပို့ထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါပြီ။