Home
မြန်မာသတင်း
မြိတ်စက်ရုံထုတ် ငါးသေတ္တာ နိုင်ငံခြားသွင်းကုန်နှင့်မှားယွင်း တားဆီးခံနေရဟုဆို
DVB
·
July 16, 2018
မြိတ်စက်ကနေ ထုတ်လုပ်တဲ့ ငါးသေတ္တာတင်ပို့မှုမှာ နိုင်ငံခြားကတင်သွင်းလာတဲ့ ငါးသေတ္တာတွေနဲ့ မှားယွင်း တားဆီးခံနေရတယ်လို့ စက်ရုံတာဝန်ရှိသူတဦးက ပြောပါတယ်။ မြိတ်မြို့၊ ကျောက်ဖျာမြို့သစ်စီမံကိန်း ဧရိယာမှာ တည်ဆောက်ထားတဲ့ ငါးသေတ္တာစက်ရုံမှာ အခုလက်ရှိ ကုန်ချောတွေ ထုတ်လုပ်နေပြီး ရန်ကုန်ရုံးချုပ်ကို တင်ပို့ကာ မြန်မာနိုင်ငံအတွင်း ဖြန့်ချိနေတယ်လို့ သိရပါတယ်။ ရန်ကုန်တင်ပို့ရာလမ်းကြောင်းတလျှောက် တချို့မြို့တွေရဲ့ ဂိတ်တွေမှာ ပြည်ပကနေ တင်သွင်းလာတဲ့ ငါးသေတ္တာတွေနဲ့ မှားယွင်းခံရကာ ထိန်းသိမ်းထာှးုတွေ ရှိနေတာကြောင့် လိုက်လံဖြေရှင်း ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။ "မြိတ်စက်ရုံကနေ ရန်ကုန်စက်ရုံကို ပို့တဲ့အခါမှာ တချို့ မသိရှိလိုက်ကြပါဘူး။ နိုင်ငံခြားဖြစ် တင်သွင်းကုန်တွေနဲ့ မှားယွင်းခံရတာရှိနေတယ်။ တချို့ဌာနဆိုင်ရာနဲ့မြို့တွေမှာ ဒါကိုမသိရှိကြဘူး။ မြိတ်မြို့မှာ ဒီလိုတင်သွင်းကုန် အစားထိုးစက်ရုံကြီး လည်ပတ်နေတာကို မသိကြဘူး။ ဒါကို ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေချင်ပါတယ်" လို့ Myanmar Marko Industry Co.,Ltd မှ ဒုတိယမန်နေဂျာ ဦးစိုးမိုးကျော်က ပြောကြားခဲ့ပါတယ်။ မြိတ်ကျွန်းစု ပင်လယ်ပြင်အတွင်းကနေ ရရှိတဲ့ ပလာတူး၊ ငါးချဉ်ပေါင်၊ ဘောင်းကျေးတွေ ပြန်လည်ဝယ်ယူပြီး ငါးသေတ္တာပြုလုပ်တာ လက်ရှိအနေထားမှာ တလကို ကီလို ၁ သိန်းထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်။ "လာမယ့်နှစ်တွေမှာဆိုရင် တလကီလို ၃ သိန်းအထိ ထုတ်မှာပါဒ ပြည်ပဈေးကွက်ကိုလည်း ထိုးဖောက်နိုင်ဖို့ ကြိုးစားမှာပါ" လို့ ဦးစိုးမိုးကျော်က ဆိုပါတယ်။ လက်ရှိမှာတော့ ဒေသခံတွေကို အလုပ်အကိုင်အခွင့်အလမ်း ရာနဲ့ချီပြီးပေးထားနိုင်ပြီး စက်ရုံဖွင့်လှစ်ပွဲကို ဒီဇင်ဘာလအတွင် ဆောင်ရွက်မယ်လို့ သိရပါတယ်။ အဆိုပါ ငါးသေတ္တာစက်ရုံမှ Ready ငါးသေတ္တာတွေကို ပုံစံမျိုးစုံနဲ့ ထုတ်လုပ်နေပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်း ပထမဆုံး ငါးသေတ္တာစက်ရုံ ဖြစ်တယ်လို့ သိရပါတယ်။ မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024