ကွယ်လွန်သူ ကိုရဲလွင် (မဇ္ဈိမလှိုင်း) အား ရည်စူး၍ ရက်လည်ဆွမ်းသွပ်အမျှဝေ
DVB
·
July 16, 2018
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ဇီအုံကုန်းလမ်းနေအိမ်မှာ ကွန်လွန်သွားတဲ့ ကိုရဲလွင် (မဇ္ဈိမလှိုင်း) ကို ရည်စူးပြီး ရက်လည် ဆွမ်းသွပ် အမျှဝေတာကို ဇနီးဖြစ်သူ ဒေါ်တင်အေးမြင့် က ဒီနေ့ မနက် ၁၀ နာရီမှာ သံဃာတော် ငါးပါးကို ဆွမ်းသင်္ကန်း ဝတ္ထုဆက်ကပ် အမျှဝေခဲ့ပါတယ်။
ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသူတွေကို ပန်းရဲ့လမ်းဂီတအဖွဲ့ ဖွဲ့စည်းပြီး နိုင်ငံအနှံ့ လိုက်လံဖော်ျဖြေ ရန်ပုံငွေ ရှာဖွေခဲ့တဲ့ ဦးရဲလွင်ဟာ ဇူလိုင် ၁ဝ ရက် ညနေပိုင်းက အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။
ဦးရဲလွင်ကို ပေါင်းတည်မြို့မှာ မွေးဖွားခဲ့ပြီး စက်မှုတက္ကသိုလ် တက်နေတုန်းမှာပဲ E.Machine တီးဝိုင်းမှာ ဘေ့စ်ဂစ်တာသမားအဖြစ် ပါဝင်ခဲ့ပြီး ၁၉၈၄ ခုနှစ်မှာတော့ အဆိုတော် ခင်မောင်တိုး ပါဝင်တဲ့ မဇ္ဈိမလှိုင်းဂီတအဖွဲ့ ဖွဲ့စည်းရာမှာ ပါဝင်ခဲ့ပါတယ်။
၂ဝ၁၂ ခုနှစ်မှာ “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း” အဖွဲ့ကို ဖွဲ့စည်းလို့ နိုင်ငံအနှံ့မှာ ငြိမ်းချမ်းရေးအတွက် တေးသီးချင်းတွေ နယ်လှည့် ဖျော်ဖြေပြီး ရရှိတဲ့ ရန်ပုံငွေတွေနဲ့ ဒုက္ခရောက်နေသူတွေကို ကူညီခဲ့ပါတယ်။ ဒါကြောင့် ၂ဝ၁၃ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် အထူးဆုကို ရရှိခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ -လွင်မှိုင်း