ပြင်သစ်နိုင်ငံသူ ဆိုဖီမာလီဘိုး ပြုစုရေးသားခဲ့တဲ့ သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင်အကြောင်း မြန်မာဘာသာပြန်စာအုပ်ကို ဇူလိုင် ၁၄ ရက်နေ့မှာ ထုတ်ဝေလိုက်ပါတယ်။
စာအုပ်ကို မူရင်းစာရေးဆရာရဲ့ ခွင့်ပြုချက်နဲ့ သွေး (စစ်ကိုင်း) က ဘာသာပြန်ဆိုပြီး ထုတ်ဝေဖြန့်ချိတော့မှာ ဖြစ်ပါတယ်။
မူရင်းစာရေးဆရာ ဆိုဖီဟာ မြန်မာပြည်ကို တိတ်တခိုး ၀င်ရောက်ပြီး ဘဘဦးဝင်းတင်အပါအ၀င် အတိုက်အခံ ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပြီး အခုစာအုပ်ကို ပြုစုထုတ်ဝေခဲ့တာပါ။
အခုစာအုပ်ဟာ အမှတ်တရ များစွာနဲ့အတူ ပြင်သစ်မှာ ထုတ်ဝေခဲ့တဲ့ စာအုပ်တအုပ်ဖြစ်ပြီး ဒီစာအုပ်ထုတ်ဝေခြင်းကြောင့် စာရေးဆရာဆိုဖီကို မြန်မာပြည် ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
ဝင်းတင် (သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံ စာအုပ် မိတ်ဆက်ပွဲနဲ့ ဘဘဦးဝင်းတင် အမှတ်တရပွဲကို ရန်ကုန်ဘုတ်ပလညဇာမှာ ဇူလိုင် ၁၄ ရက် နေ့လယ်ပိုင်းက ကျင်းပခဲ့ပြီး ဦးဝင်းတင်နဲ့အတူ တိုက်ပွဲဝင်ဖြတ်သန်းခဲ့ကြသူတွေက အမှတ်တရ စကားတွေ ပြောကြားခဲ့ကြပါတယ်။
ဒါ့အပြင် ငါတို့စာပေကနေ ၀င်းတင် (သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံစာအုပ်ကို ၂၀ ရာခိုင်နှုန်းလျော့ဈေးနဲ့ ရောင်းချပေးခဲ့ပါတယ်။
ဝင်းတင် (သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံ
RELATED ARTICLES