Home
မြန်မာသတင်း
၇၁ နှစ်​​မြောက်​ အာဇာနည်​​နေ့အကြို ဂုဏ်​ပြု​သွေးလှူ
DVB
·
July 14, 2018
ဗိုလ်​ချုပ်​​အောင်​ဆန်းနဲ့ အာဇာနည်​​ခေါင်း​ဆောင်​ကြီး​တွေကို ​သတိရ​အောင့်မေ့ပြီး ၇၁ နှစ်​​မြောက် ​အာဇာနည်​​နေ့အကြိုအ​နေနဲ့ စစ်​ကိုင်းပညာ​ရေးတက္ကသိုလ်​​​ကျောင်းသား/သူ​တွေက ဂုဏ်​ပြုပြီး ​သွေးအိပ်​​ ၁၅၀ ​ကျော်​ကို ဒီနေ့ လှူဒါန်းခဲ့ကြပါတယ်​။ “ကျမငယ်​ငယ်​​လေးကတည်းက ဗိုလ်​ချုပ်​​အောင်​ဆန်းကို ​လေးစားမိတာပါ။ ဗိုလ်​ချုပ်​​အောင်​ဆန်းရဲ့ အမူ အကျင့်အ​ပြောအဆို အ​နေအထိုင်​ကို ​လေးစားမိလို့ အခုလို​သွေးလှူဖြစ်​တာပါ။ ​နောင်​လာမယ့် မောင်​ငယ်​ညီမငယ်လေး​တွေလည်း ဗိုလ်​ချုပ်​​အောင်​ဆန်းနဲ့အာဇာနည်ခေါင်း​ဆောင်​ကြီး​တွေကို အမှတ်​ရပြီး ​လေးစားအတုယူ​စေချင်​တယ်။ အာဇာနည်​​နေ့ကိုလည်း ကမ္ဘာတည်​​နေသမျှမ​မေ့​စေချင်​ဘူး​လေ။ အဲဒါ​ကြောင့်လည်း ကျမတို့က​ သွေး​ဖောက်​လှူဖြစ်​ရတာ” လို့ စစ်​ကိုင်းပညာ​ရေးတက္က သိုလ်​​ BED စတုတ္ထနှစ်​​ကျောင်းသူ မငြိမ်းငြိမ်း​ဆွေက​ ပြောပါတယ်​။ “အာဇာနည်​​ခေါင်း​ဆောင်​ကြီး​တွေအတွက် အမှတ်​တရာကြိုဆိုဂုဏ်​ပြုချင်​လို့ ကူညီ​ပေးပါဆိုလို့ ကျမတို့က ​သွေးလှူဘဏ်​ကို ချိတ်​ဆက်​​ပေးပြီး ​သွေးလှူကြမယ့် ကျောင်းသူ/​ကျောင်းသား​တွေကို ကျမတို့ကွန်​ရက်​အ​နေနဲ့ ထမင်း​ကျွေးဖြစ်​ခဲ့ပါတယ်​။ အာဇာနည်​​တွေဟာ ဂုဏ်​ပြုထိုက်​တဲ့ ပုဂ္ဂိုလ်​​တွေ​လေ။ ဒါမှလည်း​ နောက်​တက်လာမယ့် လူငယ်​​လေး​တွေအ​နေနဲ့​ အောက်​​မေ့သတိရပြီး ​နောင်​နှစ်​​တွေမှာလည်း အညဇာနည်နေ့ဆိုတာကို မ​မေ့သင့်တဲ့​နေ့ဆိုတာ သိ​စေချင်​လို့အခုလို ကူညီ​ပေးခဲ့တာ” လို့ မြင့်မြတ်​ဧရာဝတီလူငယ်​ လူမူကွန်​ရက်​တည်​​ထောင်​သူ ​ဒေါ်သင်းနွဲ့နွဲ့​ဖေက ​ပြောပါတယ်​။ အာဇာနည်​​ခေါင်း​ဆောင်​ကြီး ဗိုလ်​ချုပ်​​အောင်​ဆန်းနဲ့တကွ ကျဆုံးခဲ့သူ​တွေကိုရည်စူးပြီး ၇၁ နှစ်​​မြောက်​ အာဇာနည်​​နေ့အကြို​ ဂုဏ်​ပြု​သွေးလှူပွဲတဲ့​ ကျောင်းသား​ကျောင်းသူ​တွေနဲ့အတူ ပါ​မောက္ခဆရာမကြီး တက်​​ရောက်​ခဲ့ပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024