Home
မြန်မာသတင်း
ဂီတပညာရှင် ဦးရဲလွင် (ပန်းရဲ့လမ်း) ၏ ဈာပနာ မြင်ကွင်း
ပြည့်ဘုန်းအောင်
·
July 14, 2018
ကွယ်လွန်သူ  ဂီတပညာရှင် တေးရေး ဦးရဲလွင်ရဲ့ ဈာပနအခမ်းအနားကို ရေဝေးသုသာန်မှာ ဒီနေ့ နေ့လယ်က  ကျင်းပခဲ့ပါတယ်။ ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသူတွေကို ပန်းရဲ့လမ်းအဖွဲ့ ဖွဲ့စည်းပြီး နိုင်ငံအနှံ့ လိုက်လံဖော်ျဖြေ ရန်ပုံငွေ ရှာဖွေခဲ့တဲ့ ဦးရဲလွင်ဟာ ဇူလိုင် ၁ဝ ရက် ညနေပိုင်းက အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။ ဦးရဲလွင်ကို ပေါင်းတည်မြို့မှာ မွေးဖွားခဲ့ပြီး စက်မှုတက္ကသိုလ် တက်နေတုန်းမှာပဲ E.Machine တီးဝိုင်းမှာ ဘေ့စ်ဂစ်တာသမားအဖြစ် ပါဝင်ခဲ့ပြီး ၁၉၈၄ ခုနှစ်မှာတော့ အဆိုတော် ခင်မောင်တိုး ပါဝင်တဲ့ မဇ္ဈိမလှိုင်းဂီတအဖွဲ့ ဖွဲ့စည်းစဉ်မှာ ပါဝင်ခဲ့ပါတယ်။ ၂ဝ၁၂ ခုနှစ်မှာ  “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း” အဖွဲ့ကို ဖွဲ့စည်းလို့ နိုင်ငံအနှံ့မှာ ငြိမ်းချမ်းရေးအတွက် တေးသီးချင်းတွေ နယ်လှည့် ဖျော်ဖြေပြီး ရရှိတဲ့ ရန်ပုံငွေတွေနဲ့ ဒုက္ခရောက်နေသူတွေကို ကူညီခဲ့ပါတယ်။ ဒါကြောင့် ၂ဝ၁၃ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် အထူးဆုကို ရရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024