ဗြိတိန်နိုင်ငံကို အလည်အပတ် ခရီးရောက်ရှိနေတဲ့ အမေရိကန် သမ္မတ ထရမ့်နဲ့ ဇနီးတို့ဟာ ဇူလိုင် ၁၃ ရက်နေ့က လန်ဒန်မြို့ရှိ ၀င်ဆာရဲတိုက်ကို သွားရောက်လေ့လာခဲ့ပြီးနောက် ဆင်းဟတ်စစ်တက္ကသိုလ်နဲ့ လက်ရှိ ၀န်ကြီးချုပ်ရဲ့ ၁၆ ရာစု လက်ရာ ချက်ကာ အိမ်တော်ကို သွားရောက်လေ့လာခဲ့ကြပါတယ်။
အဲဒီလို သွားရောက်လည်ပတ်ရာမှာ သမ္မတ ထရမ့်အနေနဲ့ ခရီးစဉ် ထိရောက်မှု ရှိစေဖို့ လည်ပတ်ရာနေရာတိုင်းကို ရဟတ်ယာဉ်နဲ့ သွားရောက်ခဲ့တယ်လို့ အမေရိကန်သံအမတ်ကြိး ၀ူဒီ ဂျွန်ဆင်က ပြောပါတယ်။
သမ္မတ ထရမ့်ရဲ့ ပထမဆုံး ဗြိတိန်ခရီးစဉ်မှာ ဆန္ဒပြမှုတွေလည်း ရှိခဲ့ပါတယ်။ ဆန္ဒပြ အဖွဲ့တဖွဲ့ဟာ “ဒိုင်ယာပါ ၀တ်ထားတဲ့ ထရမ့်ပုံတူ” လေသင်္ဘောငယ်ကို ပါလီမန် ရင်ပြင်ထက် လွှတ်တင်ခွင့် ရရှိခဲ့ပါတယ်။
လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းက ဆန္ဒပြပွဲတွေဟာ အမေရိကန်ဆန့်ကျင်ရေး မဟုတ်ဘဲ “အကြောက်တရားနိုင်ငံရေး” ကို ဆန့်ကျင်တဲ့ ထင်ဟပ်မှု ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အဲဒီ ၁၆ ရာစုလက်ရာ ချက်ကာအိမ်တော်မှာ သမ္မတ ထရမ့်နဲ့ ၀န်ကြီးချုပ် ထရီဆာမေတို့ဟာ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောပါတယ်။