Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် ရထားတွဲဘီးချော်မှု ဖြစ်ပွား
DVB
·
July 14, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဘူတာနဲ့ နန့်စီးအောင်ဘူတာကြား မီးရထားတိုင်းအမှတ် ၂ နယ်မြေအတွင်း သံလမ်း ၉ ချောင်းဆက်ပေါ်မှာ မြစ်ကြီးနား-မန္တလေး (၅၆) အစုန်အထူးအမြန်ရထားတွဲဘီးချော်ကျမှု ဇူလိုင် ၁၃ ရက်ညနေ ၃ နာရီအချိန်လောက်က ဖြစ်ပွားခဲ့ပါတယ်။ မြစ်ကြီးနားကနေ မန္တလေးဘက်ကို ရထားစက်ခေါင်းအမှတ် DF-1377၊ ဦးရန်မျိုးအောင်၊ လက်ထောက် ဦးဖိုးဇော်၊ ရထားထိန်း ဦးလှနွယ်တို့ မောင်းနှင်လာတဲ့ အမှတ် ၅၆ အစုန်အထူးအမြန်ရထားဟာ နန့်စီးအောင်ဘူတာမှ ၃ နာရီ ၁၄ မိနစ်အချိန်က ထွက်ခွာလာခဲ့ရာ ရထားမိုင်တိုင်အမှတ် 611/10 နဲ့ 611/8 ကြားအရောက် စက်ခေါင်းရဲ့နောက် ရိုးရိုးတန်းတွဲ ၄ တွဲပ၊ ထမတန်း ၁ အထက်တန်းအိပ်စင်တွဲ ၁ တွဲ၊ အထက်တန်းတွဲ ၂ တွဲ၊ စုစုပေါင်း ၇ တွဲ ဘီးချော်ကျခဲ့တာပါ။ ဖြစ်စဉ်ကြောင့် ရထားပေါ်ပါ ဝန်ထမ်းတွေနဲ့ ခရီးသည် တဦးတယောက်မျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိဘူး လို့ သိရပါတယ်။ ရထားလမ်းပိုင်းပွင့်နိုဖို့အတွက် တာဝန်ရှိသူတွေက အချိန်မီပြင်ဆင်နေပြီး ဘယ်အချိန် ပြင်ဆင်ပြီးမလဲဆိုတာ ခန့်မှန်းလို့ မရသေးကြောင်း မော်လူးဘူတာမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ ခင်ဆွေ(မော်လူး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024