
Lead Story သတင်း အားကစား ၂၀၁၈ ကမ္ဘာ့ဖလား
ခရိုအေးရှားအစိုးရအဖွဲ့ အစည်းအဝေး တက်ရောက်လာသူများ ဘောလုံးအသင်းဂျာစီဝတ်ပြီး ဂုဏ်ပြု

Email This Story :
မနေ့ကကျင်းပခဲ့တဲ့ ခရိုအေးရှားအစိုးရအဖွဲ့ အစည်းအဝေးမှာ တက်ရောက်လာသူတွေက ခရိုအေးရှား ဘောလုံးအသင်း ဂျာစီအင်္ကျီတွေ ဝတ်ဆင်ခဲ့ပါတယ်။
ရုရှားမှာကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ခရိုအေးရှားအသင်း ပထမဆုံးအကြိမ် နောက်ဆုံးဗိုလ်လုပွဲ တက်ရောက်နိုင်တာကို ဂုဏ်ပြုတဲ့အနေနဲ့ အစိုးရအဖွဲ့ အစည်းအဝေး တက်ရောက်လာတဲ့ ဝန်ကြီးတွေ အပါအဝင် အားလုံးက ခရိုအေးရှား ဂျာစီတွေ ဝတ်ဆင်ခဲ့တာပါ။
ခရိုအေးရှား ဝန်ကြီးချုပ်ကတော့ အင်္ဂလန်နဲ့ ခရိုအေးရှားတို့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ကို မော်စကိုအထိ သွားရောက်ကြည့်ရှု အားပေးခဲ့ပါတယ်။
ခရိုအေးရှားအသင်းဟာ ၁၉၉၈ ကမ္ဘာ့ဖလားတုန်းက တတိယနေရာ ရခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ ဗိုလ်လုပွဲကို ရောက်ရှိနေလို့ ချန်ပီယံဖြစ်ဖို့ အခွင့်အရေး ရှိနေပါတယ်။